Episode 15 ✓

674 69 72
                                    

Unicode ✅

-HOW TO DATE WITH SINGLE FATHER-

“ဒယ်ဒီ တော်ပြီ”

ပြန်ရောက်ကတည်း တစ်ချက်ကလေးမှ မနားဘဲ  ဆက်တိုက် အရက်တွေ  ထိုင်သောက်နေသည့် ကိုးလ်ကြောင့် ယူကို သည်းမခံနိုင်တော့ပေ။ ဒါတင်မကသေး။ သောက်လိုက် ငိုလိုက် လုပ်နေသည့် အဖေလုပ်သူကြောင့် ကလေးလုပ်သူမှာလည်း စိတ်မကောင်းဖြစ်နေသည်ထင်။ မျက်ရည်တွေဝဲနေပြီး သူ့ဒယ်ဒီဘေး၌ ငြိမ်ငြိမ်ကလေး ထိုင်နေရှာ၏။

“ဒယ်ဒီ ဆက်သောက်နေမယ်ဆို ယူကို ဒယ်ဒီကို မခေါ်တော့ဘူး”

ယူကိုစကားကြောင့် ဖန်ခွက်အား ကိုင်ထားသည့် ကိုးလ်လက်တွေဟာ ခဏရပ်သွားပြီး ဟက်ခနဲ တစ်ချက်ရယ်ကာ အရက်အား ပြန်သောက်လေ၏။

ပြီးသည်နှင့် ခပ်တိုးတိုး ထွက်လာသည်မှာ ။

“ဒယ်ဒီကို ဒယ်ဒီသားကတောင် နားလည်မပေးနိုင်ဘူးပဲ”

ကိုးလ်စကားကြောင့် ယူကိုဟာ ထိုင်ရာကနေ ထရပ်လိုက်ပြီး ငိုယိုကာ စကားတွေ ဆက်တိုက်ဆိုတော့၏။

“ဒယ်ဒီကို စိတ်ပူလို့လေ ဟင့်! ဒယ်ဒီ ဒီလိုဖြစ်နေတာကို ယူကိုက အင့်! ဘယ်လိုလုပ်ပြီး ကြည့်နေနိုင်မှာလဲလို့! ဟင့်! ‌ယူကိုဒါတွေသောက်တတ်ရင် ဒယ်ဒီနဲ့ အတူတူ သောက်ပေးမှာပေါ့ ဟင့်! အင့်! ‌ဒယ်ဒီမကောင်းဘူး! ယူကို့ကို နားလည်မပေးဘူးလို့ပြောတယ်! ဟင့်! ဒယ်ဒီ မကောင်းဘူး!”

အသံကျယ်ကျယ်နှင့် ငိုယိုကာ စကားတွေဆက်တိုက် ဆိုနေသည့် သားလုပ်သူကိုကြည့်ပြီး ကိုးလ်သည် အသက်မရှိတော့သည့်သူလို ဘာစကားမှမထွက်လာတော့ဘဲ ငြိမ်ကျနေလေသည်။

ယူကိုမှာတော့ တောက်လျှောက် ငိုလိုက် သူ့စိတ်ထဲရှိရာတွေ အော်ပြောလိုက်နှင့် ကလေးမှာလည်း အရွယ်နှင့်မလိုက်အောင်ပင် သူ့ဒယ်ဒီကိုးလ်ကြောင့် အတော်လေး ဝမ်းနည်းနေသည့်ပုံပါပင်။

*ခွမ်း!*

ရုတ်တရက်ဆိုသလို လက်ထဲက ဖန်ခွက်အား နံရံထက်ပြစ်ပေါက်လိုက်သည့် ကိုးလ်။

ကိုးလ်လုပ်ရက်ကြောင့် ယူကိုလေး လန့်ကာ ကြောက်လန့်နေတုန်း သူ့အနား ပြေးလာသည့် ကိုးလ်ဟာ ယူကိုအနားရောက်သည်နှင့် ယူကိုအား သူ့ရင်ခွင်ထဲ ခပ်တင်းတင်း ဖက်ထားရင်း ရှိုက်ကြီးတငင် ငိုတော့၏။

You've reached the end of published parts.

⏰ Last updated: Mar 08 ⏰

Add this story to your Library to get notified about new parts!

-HOW TO DATE WITH SINGLE FATHER-Where stories live. Discover now