၁၁။ ကိုယ်ကြိုက်တာ ကိုယ်လုပ်

45 4 8
                                    

မြှူတို့ ဆိုင်းနေသည်မှာ မှုန်မှိုင်းနေလျက်။

ပြတင်းဘောင်ပေါ် လက်ထောက်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

မနက်အစောဖြစ်နေသေး၍ အုပ်ဆိုင်းနေသော မြှူတို့ကြောင့် ဝန်းကျင်တစ်ခုလုံး သဲကွဲစွာ မမြင်ရ။

မြောက်လေအေးနုနုက သိမ်သိမ်မွေ့မွေ့တိုက်ခတ်လို့နေသည်။ ဝေ့လာသော သစ်ရွက်ခြောက်မီးမြိုက်နေသည့်အနံ့ကလည်း ဟေမန္တ၏ အငွေ့အသက်တစ်ခု။

နှင်းရည်တို့က အိမ်တံစက်မြိတ်မှ တစက်စက် ကျနေသည်။ ကျိုးတိုးကျဲတဲ သစ်ရွက်သစ်ခက်တို့ပေါ်တွင်လည်း နှင်းရည်များ တင်ကျန်နေပုံမှာ ရေဖြန်းထားသလိုပင်။

🎼 မြောက်လေအပြန် ဟေမန် ဆောင်းရာသီ... ငွေရည်ငွေနှင်းကလေးတွေ ဖြန်းပက်နေတော့သည် 🎼

ပျံ့လွှင့်လာသော သီဆိုသံ ကြည်ကြည်အေးအေးက ဆောင်းနံနက်ခင်းကို ပို၍ပြည့်စုံစေသလို ပံ့ပိုးနေသည်။ မေလှမြိုင်၏ ' ဆောင်းအမီ ' သီချင်းသံကြောင့် ရာသီဥတုက ပိုစိမ့်အေးလာသယောင်။

အလွန်အေးတဲ့ရာသီ အလွန်ချမ်းတဲ့ရာသီ အလွန်အေးတဲ့ရာသီ....... မောင်တစ်ရွာ မယ်တစ်မြို့တော့ နေလို့လည်း မဖြစ်နိုင်ပါပြီ... နှစ်ကိုယ်ထွေးရန် အရေးကြုံပြီ.. မောင်ရယ် ဆောင်းအမီရောက်.. ခက်လေးညှင်း..!!! "

ဆောင်းအငွေ့အသက်များကို ခံစားရင်း အသံချိုချိုကို မျက်လုံးမှိတ် အာရုံစိုက် နားထောင်နေစဥ် နားစည်ကို ပြင်းထန်စွာ တိုက်ခိုက်လာသော အသံစူးစူးရှရှကြောင့် နဖူးကြောတို့ ရှုံ့မိသွား၏။

ဒေါ်စိန်ခက်တစ်ယောက်နှင့်လည်း ခက်လေးညှင်းတို့ ဘယ်သောအခါမှ အေးဆေးမနေရပါ။

" အမယ်တော်.. အစောကြီး ထလို့ပါလား၊ ဆောင်းတွင်းကြီး မိုးရွာတော့မယ်ထင်တယ် "

လှေကားမှ ဆင်းလာချိန် မီးဖိုချောင်ထဲက ထွက်လာသည်နှင့် ထိပ်တိုက်တိုးသည်။

" ထတော့လည်း ထလို့၊ မထတော့လည်း မထလို့နဲ့ ကျွန်တော် ဘယ်လိုနေရမလဲ "

" စောစောစီးစီး ငါ့ လာပြီး ငေါ့မနေနဲ့၊ သွား မျက်နှာသွားသစ် "

The Last BreathWhere stories live. Discover now