၁၅။ အတိတ်တစ်ခု အစပြုရာ

11 3 4
                                    

အတိတ်တို့မည်သည်
မလွမ်းစကောင်း တမ်းစကောင်း
ပြန်ပြောကောင်းရုံ။

#########

' မန္တလေးတက္ကသိုလ် '

ဟူ၍ အောက်ခံအပြာပေါ်တွင် အဖြူရောင်စာလုံးဝိုင်းဝိုင်းများဖြင့် ရေးထားသော တက္ကသိုလ်မုဒ်ဦးကြီးကို ကြည့်ပြီး စိတ်အဟုန်၌ ကျေနပ်ခြင်းတို့ အပြည့်စီးသည်။

မုဒ်ဦးအောက်မှ ဖြတ်သန်းကာ ကျောင်းဝင်းထဲသို့ ဝင်ထွက်နေကြသော စက်ဘီးများ၊မြင်းလှည်းများနှင့် လိမ္မော်ရောင် သုံးဘီးများက ပျားပန်းခတ်မတတ်။

" စဝ် ၊ ဒါ ငါတို့ တက်ရမယ့် မန္တလေးတက္ကသိုလ်ကြီးပေါ့ "

နောက်မြင်းလှည်းဆီမှ စေးစိုင်က စိတ်လှုပ်ရှားစွာဖြင့် လှမ်းပြောသည်။

" အင်း ဟုတ်တယ်၊ မင်း ကြည့်စမ်း စေးစိုင်၊ ငါတို့တက်ရမယ့် ကျောင်းကြီးက ဘယ်လောက်ခံ့လိုက်သလဲ "

လှမ်းမြင်နေရသော မန္တလေးတက္ကသိုလ် ပင်မအဆောက်အဦးကြီးအား မေးငေါ့ပြရင်း ဟန်ချီပန်ချီ ဂုဏ်ယူဟန်ဖြင့် ပြောတော့ စေးစိုင်က ခေါင်းတဆတ်ဆတ် ညိတ်ပြ၏။

စဝ်ဆိုင်လျန်းဖ ဂုဏ်မယူဘဲ နေရိုးတဲ့လား။
သူ သိပ်ကိုသဘောကျရပါတယ်ဆိုတဲ့ အညာတက္ကသိုလ်ကြီး။ မန်းတက္ကသိုလ်ကြီးလေ။ ဒီကျောင်းကြီးမှာ တက်ချင်လွန်းလို့ ပေါ့နဲ့မယ့်ကို သူ ဘယ်လောက်ထိ အာပေါက်အောင် ပြောခဲ့ရသလဲ။

ပေါ့က စဝ်ဆိုင်လျန်းဖကို အစပထမကတည်းက မိတ်ဆွေဆရာရှိရာ ရန်ကုန်တက္ကသိုလ်တွင်သာ သွားရောက်တက်စေချင်သည်။ စဝ်ဆိုင်လျန်းဖကတော့ ငယ်ငယ်က ပေါ့နှင့် စပါးအရောင်းလိုက်လာချိန် တစ်ကြိမ်သာရောက်ခဲ့ဖူးသော မန္တလေးတက္ကသိုလ်ကိုသာ တက်ချင်စိတ်တို့ ပြင်းပြခဲ့သည်။ ထို့ကြောင့် တောင်ကြီးကောလိပ်တွင် နှစ်နှစ် တက်ပြီးနောက် မန္တလေးတက္ကသိုလ်သို့ ပြောင်းလာခဲ့၏။

မန်းတက္ကသိုလ်ကြီးဆီမှ တစ်စုံတစ်ခုက သူ့အား ညှို့ငင်ထားသယောင်။

ထိုစဥ်က ဒီမန်းတက္ကသိုလ်ကြီးထဲ၌ စဝ်ဆိုင်လျန်းဖ၏ အသက်ရှင်ရခြင်းအကြောင်းပြချက်လေးနှင့် ဆုံတွေ့ရလိမ့်မည်ဟု ဘယ်သူကြိုသိမလဲလေ။

The Last BreathWhere stories live. Discover now