Chapter 14

5.1K 552 7
                                    

Chapter 14  -  နျဲ့ယွီ

ကျီချီစန်းဟာ အသံခပ်တိုးတိုးနဲ့ ကုယွမ်ကို ပြော
လိုက်တယ်။
“မား အရင်ဆုံးအိမ်ကို လှည့်ပတ်ကြည့်နေနှင့်နော်။ ကျွန်တော် အောက် ခဏဆင်းလိုက်ဦးမယ်”

သားအပေါ် လေးစားမှုတွေ ပြည့်နှက်နေတဲ့ ကုယွမ်ဟာ ခပ်မြန်မြန်ပဲ ခေါင်းငြိမ့်ပြလိုက်ပြီး ...
“သွားလေ သား၊ မား အိမ်လေးကိုကြည့်ထားနှင့်
မယ်”

ကျီချီစန်းလည်း ခေါင်းငြိမ့်ပြလိုက်ပြီး ကုယွမ်ကို
ကာကွယ်ဖို့အတွက် သက်တော်စောင့်တစ်ယောက်
ချန်ထားခဲ့ကာ အောက်ထပ်ကိုဆင်းသွားခဲ့တယ်။
ကုယွမ်ကတော့ အိမ်ထဲကို စတင်ဝင်ရောက်ခဲ့ပါတော့တယ်။

ဒီအိမ်လေးဟာ သူမ အဘွား မသေခင်တုန်းက သူမအတွက် ချန်ထားပေးခဲ့တဲ့ အိမ်လေးပါ။ အဘွားလည်းဆုံးရော သူမ,မှာ သေစေနိုင်တဲ့ရောဂါကို ခံစားခဲ့ရပြီး သူမရဲ့ချစ်သူသစ္စာဖောက်တာကိုပါ ခံခဲ့ရကာ နှစ်ဆယ့်ငါးနှစ်ကြာအောင် သတိမေ့မြောနေခဲ့တာပဲဖြစ်ပါတယ်။

အနှစ်နှစ်ဆယ်ကျော်ကြာ ဝေးကွာခဲ့ရတဲ့ သည်တိုးတက်နေတဲ့ကမ္ဘာကြီးကို ရင်ဆိုင်ခဲ့ရပြီး ဆွေမျိုးသားချင်းတွေရဲ့ စွန့်ပစ်ခြင်းကိုပါ ခံခဲ့ရတဲ့
သူမအတွက် ဒီအိမ်ကလေးဟာ တစ်ခုတည်းသော
မျှော်လင့်ချက် အားကိုးရာလေးပါ။

နှစ်ဆယ့်ငါးနှစ်ကြာပြီးတဲ့နောက် အရာအားလုံးဟာ ပြောင်းလဲသွားခဲ့ပါတယ်။ ဘာမှမရှိတဲ့ ပြတင်းပေါက်ရှေ့မှာ မတ်တပ်ရပ်နေရင်း အပြင်မာရှိနေတဲ့ မြင်ကွင်းကို ကြည့်မိတဲ့အခါ တစ်ခါတုန်းကရှိခဲ့တဲ့ ကျိုင်းပင်ကြီးကို မတွေ့ရတော့သလို ခပ်လှမ်းလှမ်းမှာရှိတဲ့ မီးခိုးတိုင်ကြီးလည်း မရှိတော့ပါဘူး။ သူတို့အစား ခပ်မြင့်မြင့် အဆောက်အဦးတွေက နေရာယူထားကြပါပြီ။

ကုယွမ် အိပ်ယာက နိုးထလာတဲ့အချိန်မှာ သူမ အရမ်းကို ပျော်ရွှင်နေခဲ့တာပါ။ ပြောရမယ်ဆိုရင် မပျော်ရွှင်စရာဘာများရှိလို့လဲလေနော်။ သူမရဲ့သားက မတရား ဆင်းရဲနေလို့လား။ ဒါမှမဟုတ် အဆင့်မှီ စားဖိုမှူးရဲ့အစားအသောက်တွေကပဲ အရသာမရှိလို့လား။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now