Chapter 175

2.3K 196 1
                                    

Chapter 175 (တွေ့ဆုံခြင်း လက်ဆောင်)

ခဏကြာတော့ မစ္စ ဟော်က ပြန်လည်တည်ငြိမ်သွားပြီး သူမရဲ့ မျက်ရည်တွေကို သုတ်လိုက်တယ်။ ထို့နောက် ကုယွမ်ကို ကယ်တင်ရှင်တစ်ယောက်လို ကြည့်လာခဲ့တယ်။

"ယွမ်ယွမ်…ဒီလိုမေးခွန်းမျိုးမေးရတာ အားနာပေမယ့် အန်တီ အရမ်းပျော်တယ်သိလား၊ အန်တီ့မှာ ဒီသားလေး တစ်ယောက်တည်း ရှိတာ၊ သူက မိသားစုတစ်ခုလုံးရဲ့ မျှော်လင့်ချက်ပဲ"

မစ္စ ဟော်က ကုယွမ်အား သေတ္တာလေးတစ်ခု ကမ်းပေးလိုကခတယ်။

"ဒါက သမီးအတွက် အန်တီ့ရဲ့တွေ့ဆုံခြင်း လက်ဆောင်ပါ"

ကုယွမ်က သူမရဲ့အနာဂတ် ယောက္ခမကို ကျေးဇူးတင်လိုက်ပြီး သေတ္တာလေးကို ဖွင့်ကြည့်လိုက်တော့ ကျောက်စိမ်းလက်ကောက်တစ်စုံကို မြင်လိုက်ရတယ်။ သာမန်ကျောက်စိမ်းလို အစိမ်းရောင် မဟုတ်ဘဲ မေပယ်ရွက်လို နီစွေးကာ ထိတွေ့မှုကလည်း နူးညံ့နေတယ်။

ကုယွမ်တစ်ယောက် သည်လို ကျောက်မျိုး တစ်ခါမှ မမြင်ဖူးဘူး။
"လှလိုက်တာ"

မစ္စ ဟော်က အပြုံးလေးဖြင့် လက်ကောက်ကို ကုယွမ်လက်မှာ ကူဝတ်ပေးလာတယ်။
"အရမ်းလိုက်တယ်၊ အနီရောင်က ပျော်ရွှင်ခြင်းကို ယူဆောင်လာလိမ့်မယ်"

"အန်တီ၊ ဒါက ဘယ်လို ကျောက်စိမ်း အမျိုးအစားလဲဟင်"

"ဟိုထန်ဟုန်ချင်လို့ ခေါ်တယ်၊ တော်တော်လေး ရှားတဲ့ ကျောက်စိမ်းတစ်မျိုးပေါ့"

ဟော်ကျင်းချန်က သူ့အဖေနဲ့အတူ အောက်ထပ်ဆင်းလာတဲ့အချိန်မှာ ကုယွမ်တို့နှစ်ယောက် စကားကောင်းနေတာကို မြင်လိုက်ရပြီး စိတ်သက်သာရာ ရသွားခဲ့တယ်။

မစ္စ ဟော်က ပြုံးလိုက်ကာ ...
"မင်းရဲ့ ချစ်သူလေးကို ပြန်ပေးလိုက်မယ်၊ သူမကို လိုက်ပြလိုက်ဦး၊ အမေနဲ့ မင်းရဲ့အဖေက လန်တင်းကို သွားတွေ့လိုက်ဦးမယ်"

ဟော်ကျင်းချန် : "ကောင်းပါပြီ"

ညရောက်တော့ မစ္စ ဟော်က ကုယွမ်အတွက် သီးသန့်အခန်းတစ်ခု မစီစဥ်ပေးခဲ့ဘဲ ဟော်ကျင်းချန်နဲ့ အတူ အိပ်စေခဲ့တယ်။ ဟော်လန်တင်းကတော့ အပေါ်ထပ်မှာ အိပ်လိမ့်မယ်တဲ့။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now