Chapter 85

3.8K 451 7
                                    

Chapter 85 (ကျွန်တော် အနှစ်သက်ဆုံး ပုဂ္ဂိုလ်)

ကုယွမ် နဲ့ နျဲ့ယွီတို့ ညစာစားပွဲ နေရာကို လျှောက်သွားကြတယ်။

နျဲ့ယွီ : "မားရဲ့ အတန်းဖော်ဟောင်းကို ကျွန်တော် ရိုင်းရိုင်းစိုင်းစိုင်း ပြောလို့ စိတ်ဆိုးနေလား"

ကုယွမ်က ရယ်လိုက်ပြီး "သေချာပေါက် မဟုတ်ဘူးပေါ့။ မား မသိတဲ့ အရာတစ်ခုခုကို သားသိနေတယ်လို့ ထင်တယ်။

သားက အခြားသူတွေကို အကြောင်းပြချက်မရှိဘဲ မရိုင်းတတ်ဘူးလေ။ အဲ့တော့ ဒီကိစ္စမှာလည်း အကြောင်းပြချက်တစ်ခု ရှိရမယ်"

အဲဒါကို ကြားတော့ နျဲ့ယွီ ပျော်ရွှင်သွားတယ်။ မားက သူ့ကို ယုံကြည်ပေးတယ်လေ။

နျဲ့ယွီ : "မား ဘယ်လိုထင်လဲ"

ကုယွမ် ခဏလောက် တွေးလိုက်ပြီး ...
"မတိုင်ခင်တုန်းက မား ... ဟော်စစ်ကျား နောက်ကွယ်က လူအကြောင်းမေးတော့ သား ဘာမှ မပြောခဲ့ဘူးမလား။ အဲ့လူက ဟူယွဲ့ကျင်း၊ ဟုတ်တယ် ဟုတ်"

နျဲ့ယွီတစ်ယောက် အံ့သြသွားတယ်။

သူ့ရဲ့ မား က ဘယ်တုန်းက အရမ်း ဉာဏ်ကောင်းလာလို့ ရုတ်တရက် ခန့်မှန်းနိုင်သွားရတာလဲ။

ကုယွမ်လည်း နျဲ့ယွီရဲ့ အမူအယာကို ကြည့်ပြီး သူမခန့်မှန်းတာ မှန်တယ်ဆိုတာကို ချက်ချင်း နားလည်သွားတယ်။ သူမရဲ့သားက မယုံကြည်ရပုံပေါ်ပေမယ့် သူမအတွက် အများကြီး လုပ်ပေးခဲ့တာပဲ။

ပထမဆုံးအနေနဲ့ သူမအတွက် ကြယ်သရဖူကို ဝယ်ပေးဖို့ ပိုက်ဆံတွေ အများကြီး သုံးခဲ့တယ်။ သူမ နည်းနည်းတော့ နှမြောမိပေမယ့် သားဖြစ်သူရဲ့ စိတ်ရင်းကို ခံစားမိပါတယ်။

ဒါ့အပြင် ဟော်စစ်ကျားနဲ့ ဟူယွဲ့ကျင်းတို့ကိုလည်း နျဲ့ယွီက သူကိုယ်တိုင် လျှာစောင့်ထက်ထက်ဖြင့် ရန်တွေ့ပေးခဲ့တယ်။

နောက်ဆိုရင် ဟော်စစ်ကျားက သူမကို လာမရှုပ်လောက်တော့ဘူး။ ဟူယွဲ့ကျင်း အတွက်ကတော့ အနာဂတ်မှာ ဆက်စောင့်ကြည့်ရမယ်။ သူမကို မထိနိုင်စရာ အကြောင်းတော့ မရှိပါဘူး။

ထို့နောက် သားဖြစ်သူကို ပြန်ကြည့်လိုက်တော့ နျဲ့ယွီက ကျော်ကြားတဲ့ စတားတစ်ယောက်ဖြစ်ဖို့ လုံလောက်စွာ ချောမောခံညားနေတယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now