Chapter 19

4.8K 566 10
                                    

Chapter 19

ဒီလိုစကားကြောင့် ကော်ဖီသောက်ရင်း သီးသွားခဲ့တဲ့ ကမ်မလီဟာ ဆွဲဆောင်မှုရှိလှတဲ့ ပေါင်တံတွေပေါ်က စကတ်တိုလေးမှာ ကော်ဖီတွေ စင်သွားခဲ့သလို သူမဆံပင်တွေအထိပါ ပေစင်ကုန်ခဲ့ပါတယ်။

ကုယွမ် ရှက်ဖွယ်အတိဖြစ်နေတဲ့ ကမ်မလီကို အံ့ဩစွာကြည့်လိုက်ပြီး စိတ်ထဲလည်း ကျေးဇူးတင်နေမ်ိပါတယ်။ သူမဟာ ကမ်မလီရဲ့ဘေးနား ထိုင်နေပေမယ့် သူမဆီ ကော်ဖီတွေလာ မစင်ခဲ့တာကြောင့်ပါ။

သူမလည်း စိတ်ရှုပ်ထွေးစွာ မတ်တပ်ထရပ်လိုက်ပြီး “ကမ်မလီ၊ ရှင် အဆင်ပြေရဲ့လား” လို့ မေးလိုက်တယ်။

အဲဒီနောက် တစ်ရှုးအနည်းငယ်ကိုလည်း ကမ်မလီဆီ လက်ကမ်းပေးလိုက်ပါတယ်။

ကမ်မလီဟာ အမြဲတမ်း တည်ငြိမ်ကာ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက်ပါ။ ဘယ်လိုဖြစ်ပြီး သူမ ဒီလို ရှက်စရာကောင်းတဲ့ အပြုအမူမျိုး လုပ်မိရတာပါလိမ့်။ သူမရဲ့သနားဖွယ်ပုံစံကို ငုံ့ကြည့်လိုက်ပြီးနောက် ကုယွမ်ကို ကြည့်လိုက်တယ်။ တည်ငြိမ်စွာ သူမကို စိတ်ပူပေးနေတဲ့ ကုယွမ်ကို သူမ တကယ်ကို မုန်းတီးမိပါတယ်။

ဒီကောင်မက ဘယ်လိုကောင်မပါလိမ့်။ ကြာပွင့်ဖြူ စုန်းမလား (ဒါမှမဟုတ်) လက်ဖက်စိမ်း စုန်းမလား ...

ကမ်မလီဟာ သူများတွေကိုပဲ မကောင်းတဲ့ကိစ္စတွေလုပ်အောင်၊ မကောင်းတဲ့စကားတွေ ပြောရအောင်လုပ်ပြီး သူမကိုယ်သူမ အပြစ်ကင်းစင်ပါတယ်လို့ လှည့်စားနိုင်တဲ့ ပြိုင်ဖက်ကင်း ကစားသမားတစ်ယောက်ပါ။ ဒီလိုလူမျိုးက ဒီလိုအခြေအနေကိုကြုံတွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူးလေ။

ကမ်မလီ အံကြိတ်ရင်း ကုယွမ်ကို ပြောလိုက်တယ် “မိန်းကလေး ကု၊ ကျွန်မ ရှင့်ကို ဘာမှမလုပ်ပါပဲ ရှင် ကျွန်မကို ဘာလို့ ဒီလိုဆက်ဆံရတာပါလဲ”

ကုယွမ်တစ်ယောက် သူမ ဘာကိုပြောနေလဲဆိုတာ မသိတဲ့အတွက် “ကျွန်မ ဘာလုပ်နေလို့လဲ” လို့ ကမ်မလီကို ပြန်မေးလိုက်ပါတယ်။

ကမ်မလီ ပဲ သူမက ကြောင်နံ့သာကို ကြိုက်တယ်လို့ပြောခဲ့တာလေ။ ဒါကြောင့် ကြောင်သားကိုရော ကြိုက်လားလို့မေးလိုက်တာမှာ ဘာက မှားယွင်း
နေလို့လဲ။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now