Chapter 92

3.7K 422 3
                                    

Chapter 92 (ဟော်လန်တင်းရဲ့ ဖျားနာမှု)

ဖုန်းရီယွဲ့ နဲ့ လုကျီးချန်တို့ ဘာဆက်ဖြစ်ကြလဲဆိုတာ ကုယွမ် ဂရုမစိုက်တော့ပါဘူး။

သူမ အနေနဲ့ ဖုန်းရီယွဲ့ ကို ကူညီခဲ့တာက မိန်းကလေးချင်း စာနာလို့ဖြစ်ပြီး လူယုတ်မာဆီက နှစ်ပေါင်း 20 လောက် လှည့်စားခံနေရတာကို မြင်လိုက်ရလို့သာ ဖြစ်တယ်။

ဒါပေမယ့် ဖုန်းရီယွဲ့က လုကျီးချန်နဲ့ နေဖို့ကို ရွေးချယ်ခဲ့တာကတော့ သူမရဲ့ကိုယ်ပိုင် ဆုံးဖြတ်ချက်လေ။

ကုယွမ်လည်း တတ်နိုင်သလောက် ကူညီပေးခဲ့ပြီးပြီ။ သူမက ဘယ်လောက်ရနိုင်မလဲဆိုတာကတော့ သူမရဲ့ ကိုယ်ပိုင် ကြိုးစားရုန်းကန်မှုအပေါ် မူတည်နေတယ်။

သူမကတော့ နောက်ဆုံးရလဒ်ကို ထိုင်ကြည့်နေရုံပါပဲ။ ဘာပဲဖြစ်ဖြစ် သူတို့အချင်းချင်း တိုက်ခိုက်နေကျတာက သူမနဲ့ မဆိုင်ပါဘူး။ လုကျီးချန်ကလည်း သူမကို ရန်မစရဲတဲ့အပြင် ဖုန်းရီယွဲ့ ကလည်း အခုဆို သူမအပေါ် ကျေးဇူးတင်နေတာပဲ ရှိတော့တယ်ဆိုတော့ ...

……

ကုယွမ်က သုံးရက်ဆက်တိုက် ဇာတ်ဝင်ခန်းတစ်ခုကို ရိုက်ခဲ့ပြီးနောက် မူးဝေလာသဖြင့် ဒါရိုက်ဘာကို ကျီချီစန်းဆီ မောင်းပို့ခိုင်းလိုက်ရတယ်။

သူမက သည်ည ကျီချီစန်းရဲ့ အိမ်မှာ သွားနေရမှာလေ။

သူမမှာ လောလောဆယ် သားသုံးယောက်ရှိနေပြီး သုံးယောက်လုံးက သူမကို ထောက်ပံ့ပေးဖို့ ပြောလာကြတယ်။ သူမရဲ့ အခြေအနေကို စမ်းစစ်ကြည့်တော့ လော့ကျွင်းထျန်က ရုပ်ရှင်တစ်ခုရိုက်ဖို့ အရမ်းအလုပ်ရှုပ်နေတယ်။

သူက ခြံဝန်းပါတဲ့ အိမ်တစ်လုံးမှာ နေတယ်ဆိုပေမယ့် ဗီလာတော့ မဟုတ်ပါဘူး။ သူမအတွက် သားနှစ်ယောက်ရဲ့ ဗီလာမှာ နေတာက ပိုအဆင်ပြေလိမ့်မယ်။

အဲ့လိုနဲ့ နောက်ဆုံးမှာတော့ ချီစန်းနဲ့ နျဲ့ယွီ တို့ နှစ်ယောက်ဆီမှာ တစ်ပတ် (7ရက်) ကို တစ်လှည့်စီ ပြောင်းနေဖို့ ဆုံးဖြတ်ခဲ့တယ်။

ဒီကိစ္စကို 'ဂျီးနီးယပ်စ် ဘေဘီလေးတွေရဲ့ ကောင်းကင်ဘုံ' မှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တာပါ။ လော့ကျွင်းထျန်လည်း သဘောတူတာကြောင့် ကုယွမ် စိတ်သက်သာရာ ရသွားခဲ့တယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now