Chapter 70

4K 479 1
                                    

Chapter 70 (လော့ကျွင်းထျန်ရဲ့မကောင်းသတင်း)

ဆိုးရွားတဲ့ ကောမန့်တွေရော ကာကွယ်ပေးထားတဲ့ ကောမန့်တွေရောကို သူမ တွေ့လိုက်ရတယ်။

အဲသည့်နောက် သူမ စားချင်စိတ် မရှိတော့တာနဲ့ လော့ကျွင်းထျန်ဆီကို စာပို့လိုက်လေရဲ့။

မြက်စားရတာကြိုက်တဲ့ယွမ်ယွမ်လေး : “မစ္စတာ
လော့၊ အဆင်ပြေရဲ့လား”

လော့ကျွင်းထျန် : “ဟုတ်ကဲ့။ ပြေပါတယ်”

မြက်စားရတာကြိုက်တဲ့ယွမ်ယွမ်လေး : “ဒါကို ဘယ်လို ဖြေရှင်းကြမလဲ။ ကျွန်မရဲ့အကူအညီလိုရင်ပြောနော်”

လော့ကျွင်းထျန်က ပြုံးနေတဲ့ အီမိုဂျီတစ်ခု ပို့လိုက်ပြီး “မိန်းကလေး ကု က ဘယ်လိုကူညီမှာလဲ” လို့ မေးလိုက်တယ်။

မြက်စားရတာကြိုက်တဲ့ယွမ်ယွမ်လေး : “ကျွန်မ သားကို ဒီကိစ္စ အကူအညီတောင်းလို့ရတယ်လေ”

လော့ကျွင်းထျန် : “မသင့်တော်ပါဘူးဗျာ”

မြက်စားရတာကြိုက်တဲ့ယွမ်ယွမ်လေး: “ရပါတယ် မစ္စတာ လော့ ရဲ့။ ကျွန်မ နျဲ့ယွီကို ပြောလိုက်ပါ့မယ်”

လော့ကျွင်းထျန် ခဏတာ ငြိမ်သက်သွားရာမှ ...
“ကျွန်တော်နဲ့ နျဲ့သူဌေးလေးက သိပ်တော့ မရင်းနှီးဘူးဗျ။ ကု မိန်းကလေး ကျွန်တော့်ကို ကူပေးဖို့ ပြောပေးကြည့်ပါ့လား” လို့ ပြောလိုက်တယ်။

မြက်စားရတာကြိုက်တဲ့ယွမ်ယွမ်လေး : “ဟုတ်ကဲ့၊ ကောင်းပါပြီ”

WeChat မှာ ပို့ထားတဲ့စာတွေကို ကြည့်ရင်း သူမ နားမလည်သလို ခံစားလိုက်ရတယ်။ အရင်ကကျ သူတို့ ရင်းနှီးတယ်ဆို။

ကုယွမ် စိတ်ရှုပ်နေတာနဲ့ သည်နေ့လယ် ရိုက်ကွင်းမှာ နှစ်ခါ ပြန်ရိုက်ခဲ့ရပါတယ်။

အဲသည့်နောက် အိမ်ပြန်ရောက်လာတဲ့အခါ စာကြည့်ခန်းထဲမှာ စာအုပ်ထိုင်ဖတ်နေတဲ့ နျဲ့ယွီကိုတွေ့လိုက်ရတယ်။

ခဏနေပါဦး။ နျဲ့ယွီမှာ လော့ကျွင်းထျန်ရဲ့မကောင်းသတင်းတွေ ရှိနေတာလေ။

ဒါဆို ဒါက နျဲ့ယွီပေါ့။
နျဲ့ယွီက ဒီလိုလုပ်ရပ်မျိုး လုပ်လောက်ပါ့မလား။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now