Chapter 50

4.4K 473 1
                                    

Chapter 50

ချန်ယုတင်း နဲ့ ဝမ်ယွဲ့ဟန်တို့ အရမ်း အံ့သြသွားကြတယ်။
"အိုး၊ နင်တကယ်ကြီး ငါတို့အတွက် လက်ဆောင်ပြန်ပါလာတာပဲ။ အပျော်ခရီးထွက်တာတောင် ငါတို့အတွက် သတိရသေးတယ်ပေါ့"

ကုယွမ် အနည်းငယ် ရှက်ရွံ့သွားပြီး
"စျေးပေါတဲ့ ကျောက်တုံးလေးနှစ်တုံးပါပဲ။ အလှဆင်လို့တော့ရတယ်။ အမှတ်တရ ဖြစ်တာပေါ့"

အဲ့ဒါကိုကြားတော့ ချန်ယုတင်း လက်ဆောင်ဗူးကို ဖွင့်လိုက်ပြီး မနေနိုင်ဘဲ ရယ်မိတော့တယ်။
"ခရီးထွက်ရင် ဒေသထွက် အမှတ်တရပစ္စည်းလေးတွေက ဝယ်ယူဖို့ အလွယ်ကူဆုံးပဲလေ။ စျေးကြီးတာ စျေးသက်သာတာက အရေးမကြီးပါဘူး။
လက်ဆောင်ပါလာတာနဲ့တင် ကျေးဇူးတင်နေပြီ"

ဝမ်ယွဲ့ဟန် ဗူးထဲကို ကြည့်လိုက်တော့ အရမ်း လှပတဲ့ ကျောက်တုံးလေးကို တွေ့လိုက်ရတယ်။

"ဝိုး၊ ဒီကျောက်တုံးလေးက အရမ်းလှတာပဲ"

ချန်ယုတင်းလည်း အလားတူ အံ့အားသင့်သွားခဲ့တယ်။ ကျောက်တုံးလေးက အရောင်စုံတောက်ပနေပြီး တကယ်ကို လှတယ်။ ထိုအရာပေါ်ကို နေရောင်ခြည်ဖြာကျနေတာက သက်တံ့လေး တစ်ခုအလား ထင်မှတ်စေတယ်။

ဝမ်ယွဲ့ဟန် : "ဒါလေးကို ဘယ်ကဝယ်ခဲ့တာလဲ။ ဘယ်လောက်ပေးရလဲဟင်။ အရမ်း ကြည့်လို့ ကောင်းတာပဲ"

ချန်ယုတင်း : "ဝိုး၊ ဒီကျောက်တုံးလေးကို လည်ဆွဲမှာ မြှုပ်ပြီး ဝတ်လို့ရတယ်။ အဖိုးတန် ကျောက်မျက်ရတနာလိုပဲနော် "

ကုယွမ်က အဲ့ကျောက်တုံးလေးတွေရဲ့ တန်ဖိုးကို မသိပါဘူး။ သူမရဲ့သားက တန်ဖိုးမရှိဘူးလို့ပြောမှတော့ အဲ့ဒါက အရမ်း လှပနေရင်တောင် စျေးမကြီးလောက်ဘူး။

"တကယ်တော့ အဲ့ကျောက်တုံးလေးတွေက ငါ့ကို အခြားလူပေးထားတာ။ ကြည့်လို့ကောင်းတယ်ထင်လို့ နင်တို့အတွက်ပါ ယူလာခဲ့တာ။ ပိုက်ဆံ သိပ်မတန်ပါဘူး။ စားပွဲခုံမှာ အလှဆင်ပစ္စည်းအနေနဲ့ သုံးလို့ရတယ်"

ချန်ယုတင်း နဲ့ ဝမ်ယွဲ့ဟန်တို့သည် နှစ်သက်မြတ်နိုးစွာဖြင့် သူတို့ရဲ့ ကျောက်တုံးလေးတွေကို ရတနာတစ်ခုအလား ပွတ်သပ်နေကြတယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now