Chapter 59

4.1K 485 1
                                    

Chapter 59 (ကျောင်းတွင်းကောလဟာလ)

“ချန်ထျန် ပုလောင်ကျင်း” တုန်းက မင်းသမီးပိုစတာနဲ့ အခုပိုစတာကို နှိုင်းယှဉ်ရကြရင်း အင်တာနက်ပေါ်က လူတစ်စုဟာဖြင့် ဝေဖန်အကဲဖြတ်နေကြပါတယ်။

လူတွေပြောကြတာက ဟူယွဲ့ကျင်းနဲ့ အခု သည် မျက်နှာသစ် မင်းသမီးလေးက အရမ်းဆင်တူတယ်လို့ပါ။

အတင်းအဖျင်းတွေအပြီးမှာတော့ လူတွေက သည် ရွှမ်းကျီကျွမ်း ဇာတ်ကောင်ရဲ့ခေါင်းဆောင် မင်းသမီးကို သိချင်လာကြပါတယ်။ မင်းသမီးတွေရဲ့ပုံစံတွေကို ခွဲခြမ်းစိတ်ဖြာပြီး ဘယ်သူလဲ ခန့်မှန်းကြပေမဲ့ မခန့်မှန်းနိုင်ပဲ ဖြစ်နေကြပါတယ်။

သည့်အပြင် ဇာတ်ကားအပေါ် မှာလည်း စိတ်ဝင်စားမှုတွေ မြင့်တက်လျက်ရှိပါတယ်။

တစ်ဖက်မှာတော့ ဟူယွဲ့ကျင်းက သည်သတင်းကို
ကြည့်ပြီး လက်ကိုင်ဖုန်းပေါ်က သူမလက်ချောင်းတွေ သိသိသာသာ တုန်လာခဲ့ပါတယ်။

“သုံးလိုက်၊ အဲ့ပုံပဲသုံးလိုက်၊ ဘယ်သူသိမှာ မှတ်လို့”

“ကုယွမ်တောင် သိမှာ မဟုတ်ဘူး။ သူက သေတော့
မှာလေ”

သည်စကားသံတွေ သူမနားထဲ ပြန်ကြားယောင်လာပါတယ်။

သူမ မျက်လုံးတွေကို ပိတ်လိုက်တယ်။

ဖြစ်ပြီးတာတွေက ဖြစ်ပြီးသွားပြီလေ။ ဒါကို သိတော့ လူတွေကလည်း နိိုင်ငံခြားမှာ ရောက်နေကြပြီ ဆိုတော့ ဒီအမှန်တရားက ဘယ်တော့မှပေါ်လာစရာအကြောင်းမရှိပါဘူး။

အနုပညာကျောင်းမှာတော့ ဘယ်မိန်းကလေးကများ ကမ္ဘာကျော် နင် မစ်ဆူကိုရှီရဲ့ လက်ရာကိုဝတ်ဆင်ခွင့်ရပြီး ကမ္ဘာကျော် လော့ကျွင်းထျန်နဲ့ သရုပ်ဆောင်ခွင့်ရတာလဲဆိုတာ သိချင်နေကြပါတယ်။

အဲ့အချိန်မှာ တစ်ယောက်က “ငါတော့ နောက်ကျောပုံကို ကြည့်ပြီး အဲဒါက ကုယွမ်လို့ ထင်နေတယ်” လို့ပြောလိုက်တယ်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ လူတစ်ယောက်က အချိန်တိုအတွင်း အဲ့လောက် မပြောင်းလဲနိုင်ဘူးလေ”

“ဟုတ်တယ်၊ ဟုတ်တယ်။ ပြီးတော့ သူက ကျောင်းကို နေ့တိုင်းလာနေတာလေ။ တကယ်သာဆိုအလုပ်ရှုပ်နေရမှာ မဟုတ်ဘူးလား”

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now