Chapter 17

4.9K 590 11
                                    

ဒါလေး Paid GP မှာ စဆုံးပြီးသွားပါပြီရှင့်။

Chapter 17 (ကျီကျန်းထျင် ပြန်လာပြီ)

ကုယွမ်ဟာ အခန်းထဲကိုပြန်ရောက်လာပေမယ့် သူ့
သားရဲ့ပုံမှန်မဟုတ်တဲ့ အမူအရာတွေကြောင့် စိတ်ထဲမှာ လေးလံနေခဲ့ပါတယ်။

ကံကောင်းတာက အခုသူမမှာ လက်ကိုင်ဖုန်းရှိပြီလေ။

လက်ကိုင်ဖုန်းဟာ ကောင်းမွန်တဲ့အရာတစ်ခုပါ။
ဘာပဲသိချင်သ်ိချင် ရိုက်ပြီး ရှာလိုက်တာနဲ့ အကုန်လုံးကို သိခွင့်ရနိုင်တယ်လေ။ သူမ ဒါကိုကောင်းကောင်းအသုံးချရမယ် မဟုတ်လား။

သူမဟာ “အမေနဲ့သားရဲ့ဆက်ဆံရေးကို တိုးတက်လာစေမဲ့နည်းလမ်းများ” လို့ ရိုက်ရှာလိုက်တဲ့အခါ အောက်မှာ အဖြေတွေအများကြီး ကျလာခဲ့တယ်။

“ကောင်းမွန်တဲ့ မ်ိဘတစ်ယောက်ဖြစ်ဖို့ သားသမီးတွေနဲ့ ဘယ်လိုဆက်ဆံပြုမူရမလဲ”

“မိခင်တွေဟာ ဆယ်ကျော်သက်သားတွေကိုဘယ်လိုမျိုးထိန်းကျောင်းသင့်သလဲ”

“ဆယ်ကျော်သက်အရွယ်သားတွေကို မိခင်တွေထိန်းနိုင်ဖို့ အချက် (၉) ချက်”

ပြီးတော့ ...
“မိဘတွေ ကလေးတွေကိုဘယ်လိုထိန်းကျောင်းသင့်သလဲဆိုတာကို မိဘများအတွက် သီးသန့်သင်ကြားပေးခြင်း Season 3” စတဲ့သင်တန်းလေးတွေ ...

ကုယွမ်ဟာ စာသေးသေးလေးတွေကို ဂရုတစိုက်သေချာဖတ်ရှုနေခဲ့ပါတယ်။ ဗီဒီယိုအတိုလေးတွေကိုလည်း သေချာနားထောင်ပေမယ့် သူမ ရောထွေး
နေဆဲပါပဲ။

ဒါတွေက တကယ်ရောအလုပ်ဖြစ်ရဲ့လား ...

တွေးတောနေတုန်းမှာပဲ သူမဟာ မိဘနှင့် ကလေး စိုးရိမ်မှုကင်းလွတ်ခြင်းနယ်ပယ် ဆိုတဲ့ လင့်ခ် လေးကိုနှိပ်လိုက်မိတယ်။ ဒါဟာ သူမရဲ့အရင်ကျောင်းတုန်းက BBS နဲ့ အတော်လေးဆင်တူပါတယ်။ အဲ့နေရာမှာ မေးခွန်းတွေမေးလို့ရသလို အဖြေတွေလည်း ဖြေလို့ရတယ်လေ။

သည် မိဘ-ကလေး အစီအစဉ်မှာတော့ မေးထားတဲ့
မေးခွန်းတွေရဲ့အောက်မှာ မိခင်တွေက အားတက်သရော ဖြေပေးနေကြတာကို ကုယွမ် တွေ့လိုက်ရတယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now