Chapter 107

3.5K 380 1
                                    

Chapter 107

ပထမထပ်မှာတော့ ပန်းပွင့်ဖန်လုံအခန်းလေးရှိပါတယ်။ သည်အခန်းမှာ ပန်းပွင့်တွေ ရာသီမရွေး ဖူးပွင့်နေတာကြောင့် ဆောင်းရာသီဆိုရင်တောင် အမြဲနွေဦးအနံ့အသက်ကို ခံစားရတာပေါ့။

ဒေါက်တာ လော့ကိုလည်း မြင်ရော ကုယွမ်တစ်ယောက် စိတ်ထဲမှာတွေးမိလိုက်တယ်။ အခုလို သားလေးယောက်ရဲ့ဘေးမှာ နေထိုင်ခွင့်ရတာဟာ ဒေါက်တာ လော့ရဲ့ ကျေးဇူးကြောင့်ပဲ မဟုတ်လား။

ကုယွမ် : “ဒေါက်တာ လော့၊ ဘာတွေ ဘယ်လိုဖြစ်ခဲ့လဲဆိုတာ ပြောပြပါဦးရှင်”

ဒေါက်တာလော့ : “မျိုးဥငါးခုမှာ မတော်တဆတစ်ခုဖြစ်တာကို မှတ်မိသေးလား”

ကုယွမ် : “ဟုတ်၊ မှတ်မိပါတယ် ဒေါက်တာ”

ဒေါက်တာ လော့ : “အဲ့တုန်းက သာမန် မတော်တဆထင်နေတာ။ တကယ်တော့ တစ်ယောက်ယောက်ကတမင် မျိုးဥတွေကို ဖျက်စီးချင်နေခဲ့တာ။ ဒီလိုနဲ့ ပထမဆုံး မျိုးဥကို စပြီး သားပေါက်အောင်လုပ်လိုက်ရတော့ ကျွင်းထျန်ဖြစ်လာခဲ့တာပဲ၊ မိန်းကလေး ကု”

ဒါဆို ပထမဆုံး သူမရဲ့ မျိုးဥတွေကို ဖျက်ဆီးဖို့ကြံစည်ပြီး မအောင်မြင်တဲ့အခါ ကျွင်းထျန်ကိုဖမ်းကာ သွေးထုတ်၍ သုတေသနလုပ်ဖို့ ကြိုးစားခဲ့တာပဲ ဖြစ်ရမယ်။

အဲ့သည့်နောက် ဒေါက်တာ လော့ဟာ မမျိုးဥ ၅ ခုကြောင့် ဖြေရှင်းရတာတွေကို ပြောပြခဲ့ပါတယ်။
“ကိုယ် ပထမမျိုးဥကို ကိုယ့်အတွက် သုံးပြီးတာနဲ့
တခြားဥတွေအတွက် သင့်တော်တဲ့သူတွေကို ချက်ချင်း ရှာဖွေရတော့တာပဲ။ ဒီလိုနဲ့ ဒုတိယနဲ့ တတိယ မျိုးဥကို သားဖောက်နိုင်ခဲ့တယ်”

ဒေါက်တာ လော့ဟာ မကောင်းတဲ့သူတွေ ရသွားမှာလည်း စိုးရိမ်သလို သူ့ရဲ့သုတေသနကိုလည်း အထောက်အကူ ပြုပေးနိုင်မယ့်သူတွေကို ရှာရတာကြောင့် အတော်လေး ခက်ခဲခဲ့ပါတယ်။

နောက်တော့ အရည်အချင်းပြည့်ဝတဲ့ အမျိုးသားနှစ်ယောက်ဟာ သင့်တော်တဲ့ အိမ်ထောင်ဖက် ရှာမတွေ့တဲ့အခါ သည်နည်းကို သုံးဖို့ ဖြစ်လာကြတယ်။သည်လိုနဲ့ ကျီချီစန်းနဲ့ နျဲ့ယွီလို့ ခေါ်တဲ့ အမြွှာနှစ်ယောက် လူ့လောကထဲ ရောက်ရှိလာတာပါ။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now