Chapter 53

4.4K 480 1
                                    

Chapter 53

ထိုသတင်းထွက်လာတာနဲ့ မြို့တော်ရုပ်ရှင် အကယ်ဒမီက သရုပ်ဆောင်ဌာန တစ်ခုလုံး ပေါက်ကွဲသွားရတယ်။

ဒါက အောင်မြင်ဖို့ သေချာနေတဲ့ အခွင့်အရေး တစ်ခုပဲ။

"XuanJi Palace" က နာမည်ကျော် ဒါရိုက်တာ နင်စန်းယွဲ့ ရိုက်ကူးမယ့် ရုပ်သံဇာတ်လမ်းတွဲတစ်ခုပါ။

ကုယွမ်အတွက်တော့ ကောင်းကင်ပေါ်က ကျလာတဲ့ ပိုင်မုန့်ဝိုင်းတစ်ခု လိုပါပဲ။ သူမသာ ဒီဇာတ်လမ်းတွဲမှာ အောင်မြင်လာခဲ့ရင် အနာဂတ်ခရီးလမ်းက တောက်ပနေမှာဖြစ်ပြီး သူမရဲ့ဘဝတစ်ခုလုံးကို ပြောင်းလဲစေမှာလေ။

အချို့သော မိန်းကလေး အတန်းဖော်တွေရဲ့ မျက်လုံးတွေက မနာလိုအားကျမှုဖြင့် နီရဲလာတော့တယ်။ သေချာတာပေါ့၊ သူတို့ထဲမှ အများစုကတော့ သူမအတွက် ဆုတောင်းပေးကြပါတယ်။

ကုယွမ် ဒီအခွင့်အရေးကို ရယူပြီးနောက် ရုပ်ရှင်ရိုက်ပြီးတာနဲ့ သူမရဲ့တန်ဖိုးက ချက်ခြင်း မြင့်တက်သွားပြီး သူတို့အပေါ် သဘောထားပြောင်းလဲသွားမှာကို ကြောက်မိတယ်။
သူမက သူတို့နဲ့ အလွှာတစ်ခုခြားသွားမှာကို။

အနာဂတ်မှာ ကျော်ကြားနိုင်မယ့် လူအချို့ကို သိထားတာက သူတို့အတွက် အရင်းအမြစ်တွေ ပိုရလာနိုင်တယ်။

ရုပ်ရှင် အကယ်ဒမီက ကျောင်းသားတွေဟာ ခုချိန်မှာ သူတို့ရဲ့ အနာဂတ်အတွက် ဘယ်လို အစီအစဥ်ချရမလဲဆိုတာကို စတင် လေ့လာနေပြီ ဖြစ်တယ်။

အခု ကျောင်းမှာဆုံတွေ့ကြတဲ့ လူတွေဟာ  အဆက်အသွယ်ပြတ်သွားတာနဲ့ အရင်းအမြစ်တွေ ဆုံးရှုံးသွားနိုင်တယ်။ ဟော်စစ်ကျားက အနီးဆုံး ဥပမာတစ်ခုပေါ့။

ဒါပေမယ့် ဟော်စစ်ကျားရဲ့ သရုပ်ဆောင် အရည်အချင်းက မကောင်းတဲ့အတွက် အခြေခံအားဖြင့် အနာဂတ်မရှိပါဘူး။

သူမ လူရွေးပွဲအောင်မြင်ပြီး အမျိုးသမီးဇာတ်လိုက်နေရာ ရတဲ့အတွက် ခန္ဓာကိုယ်တစ်ခုလုံး လေထဲမြှောက်နေသလို ခံစားနေရတယ်။

တကယ်တော့ သူမ လူရွေးပွဲဖြေကတည်းက ရွေးခြယ်ခံရမယ်လို့ ရေးတေးတေး ခံစားနေမိပေမယ့် မယုံရဲခဲ့ပါဘူး။
အခုတကယ်ကြီး ရွေးခြယ်ခံရတော့ သူမ အရမ်းကို ပျော်ရွှင်နေမိတယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now