Reflection Part(5)

67 4 0
                                    

ဒီနေ့အမှတ်စရင်း သိရပြီးနောက်ပိုင်း...

သူငယ်ချင်းတွေစုပြီး မြို့ပတ်မုန့်စားကြမလို့ဆိုပြီးလာခေါ်ကြတော့အိမ်မှာ အကုန်လုံးရောက်နေလေရဲ့...ကိုမြတ်ကလွဲရင်ပေါ့..
ကိုမြတ်လဲ ဒီသတင်းသာသိရင် သူအရမ်းဝမ်းသာနေလောက်တယ် ဘာလို့ဆို ကိုမြတ်တို့ဆေးအမှတ်ကိုမှီတာမလို့...
ပြီးတော့ ဘုန်းလဲ အမှတ်မှီတာမလို့...
ကိုယ့်စိတ်ထဲပျော်မဆုံး...ဟီး
ဒီနေ့ဟာ အပျော်ဆုံးနေ့တွေထဲက တစ်နေ့အဖြစ်
ဒိုင်ယာရီ စာအုပ်လေးထဲ dateနဲ့တကွ ချရေးမိတယ်...

" သားရေ ဆင်းခဲ့တော့လေ အောက်မှာစောင့်နေကြပီသားရဲ့ "

အောက်ထပ်ကမေမေ့ရဲ့အော်ခေါ်သံလေး...

အိမ်ကနှစ်ထပ်တိုက်အခံလေးဖြစ်တာမလို့...
ကိုယ့်အခန်းတံခါးဖွင့်ထားမိရင် အောက်ထပ်ကမေမေ့အသံလေးကို လှမ်းကြားရတယ်...

" ဟုတ် လာပီ မေမေ "

ဒီုင်ယာရီစာအုပ်လေးကို စားပွဲခုံရဲ့အံဆွဲလေးထဲထည့်လိုက်ပြီး ဖလန်ထည်အကွက်အ
နီရောင် လက်ရှည်လေးကိုအနွေးထည်အဖြစ် ဗီရိုထဲကနေ ချိတ်ကိုဖြုတ်ပြီး
ယူဝတ်လိုက်တယ်
ကိုယ်က နေအရမ်းပြင်းရင် အရေပြားမှာအနီကွက်လေးတွေထွက်တတ်တာမလို့...
ဖေဖေဝယ်ပေးတဲ့ Suncream lotion လေးကို
လည်စပ်တွေ လက်တွေ ခြေထောက်တွေလိမ်းလိုက်ပြီး အောက်ထပ်ဆင်းလာခဲ့တယ်

ဘောင်းဘီတိုဝတ်ထားတာမလို့ အနွေးထည်ရဲ့ဘောင်းဘီရဲ့ပေါင်လည်လောက်ထိဖုံးနေတော့..
ဟီးဟီး..ငါလဲ တော်တော်သေးကွေးနေတာပဲ
ဒါကြောင့် ဖေဖေက ဘုန်းနဲ့အတူ gym ဆော့စေချင်တာကိုး...
တစ်လကို သောင်းဂဏန်း နဲ့ပေးပြီး ဆော့ရတာ
အ့ဒီပိုက်ဆံကို မုန့်ဝယ်စားလိုက်ရင်ပိုဝတယ်..
မဆော့ချင်ပါဘူး ပိုက်ဆံနှမြောတယ်..

" ညီ မင်းဒီနေ့မှ အပြင်ထွက်ပါ့မလားလို့ "

ဘုန်းပြောလဲ ပြောချင်စရာ
စန္ဒီကလဲ မျက်စောင်းထိုးနေလေရဲ့
သီဟနဲ့မြင့်မြတ်ကတော့ ပြုံးဖြီးဖြီးနေလေရဲ့

" ဟီး ဟီး အရမ်းကြာသွားလား sorryပါ "

" ကဲ သွားကြမယ် လမ်းမှာ မြတ်နိုးကို ဝင်ခေါ်ရမှာလား ရတုညီ " လို့ စန္ဒီကမေးလာတော့...

ReflectionWhere stories live. Discover now