Reflection Part(13)

36 2 0
                                    

"Hi ကိုကို "

Vibration သံကြားလို့ ဘေးမှန်တင်ခုံပေါ်မှာတင်ထားတဲ့ ဘုန်းရဲ့ phဆီကိုဘာရယ်မဟုတ် အကြည့်ရောက်သွားမိ...

အော်...ဘုန်းမှာတောင် ရည်းစားရှိနေတာလား
တစ်ယောက်တည်းမဟုတ်တာတော့သေချာတယ်
ဘုန်းက ဉစ္စာပေါ ရုပ်ချော မျိုးကြီးဆွေကြီးထဲကဆိုတော့လဲ လူကြိုက်များတာပေါ့

ကျောင်းတက်လာတာလဲ၆လလောက်ရှိပီမလို့
ဆေးတက္ကသိုလ်(၁) က ဘုန်းမြတ်ဇော်ဆိုရင် popular award ရပီးသားလဲဖြစ်တယ်
ဘုန်းရဲ့ ဇယားတွေဆို မနည်းမနော...
ဘုန်းပုံစံလဲ တဖြည်းဖြည်း ပြောင်းလဲလာပြီး
အရင်က ကိုယ်နဲ့အတူသွားအတူလာ ခြင်းခတ်ဖို့လောက်ပဲသိတဲ့ ဘုန်းမဟုတ်လေတော့...အင်း
အပြောင်းအလဲတွေကို နေသားမကျသေးတဲ့ကိုယ်ကတော့....

မသိကျိုးကျွန်ပြုပြီး အိပ်ခန်းထဲကထွက်ကာ
ဝရံတာဘက်စိတ်ပြေလက်ပျောက်ထွက်လာလိုက်မိတယ်

ငါနဲ့ဘုန်းက ငယ်ငယ်တည်းကသံယောစဉ်ကြောင့်သာငါသူ့အပေါ်အခုလိုအတွေးတွေဝင်ပြီး တွယ်တာမိနေတာပါ တစ်ကယ်တမ်းကျ
စလုံးရေးစ လို့မရတဲ့အတွေးတည်းက စိတ်ကူးယဉ်ကြည့်မိတဲ့ ဆက်ဆံရေးတစ်ခုပဲလေ

ဒါဆို ကိုမြတ်ကရော...
ကိုမြတ်ကငါ့အပေါ်လိုတာထက်ပိုကောင်းတယ်
ငါ့မျက်နှာ ငါ့စိတ် ဘယ်အရာမှသူ့ကြောင့်မျက်နှာပျက်ခဲ့ရတာမရှိ...
ငါ ကိုမြတ်ကို ရွေးချယ်ကြည့်လိုက်ရင်ဘယ်လိုနေမလဲ...
ငါကိုမြတ်ကိုတဖြည်းဖြည်းချစ်နိုင်လာတာနဲ့အမျှ
ငါ ငါဘုန်းအပေါ်တွယ်တာနေမိတဲ့သံယောစဉ်လျော့သွားနိုင်လား အင်း ငါကိုမြတ်ကိုချစ်ဖို့ကြိုးစားကြည့်တာပေါ့...

" ညီ ညီ "

အခန်းဘက်ကအော်ခေါ်လာတဲ့ဘုန်းရဲ့အသံကြောင့် သူရေချိုးပီးသွားပီထင်တယ်

ကိုယ်လဲရေချိုးပြီး ကိုမြတ်လာအခေါ်ကိုစောင့်ရမှာမလို့...အခန်းဘက်ဉီးတည်မိတယ်

" ညီ မင်းငါဒီလောက်ခေါ်နေတာမကြာဘူးလား "

" ဟမ် အင်း မင်းဘာပြောမလို့လဲ ပြောလေ "

အရင်ကဆို စကားဆုံးရင် ဘုန်းလို့ ထည့်ထည့်ပြောတတ်တဲ့သူက အခု.... ဘယ်လို

ReflectionWhere stories live. Discover now