Reflection Part (21)

39 2 0
                                    

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ညီ...

ရေချိုးခန်းထဲအနေကြာသွားတော့  အဖျားငွေ့နည်းနည်းရှိလို့ ညီ့ကိုဆေးတိုက်ဖို့ ညစာမှာစားကြပြီး ဆေးတိုက်ထားလိုက်တယ်

ဘာတွေကြံဖန်ပြီး ဝမ်းနည်းနေပြန်တာလဲကွာ...
ငါမင်းအပေါ်မှာ အတ္တကြီးတယ်ဆိုတာ ငါလက်ခံပါတယ်...
ငါ့အပေါ်မှာ ငါ့ရဲ့အဆိုးအကောင်းကို မင်းပဲနားလည်နိုင်တာညီ...
ငါ့ဘဝတစ်လျှောက်လုံးမှာ မင်းနဲ့မှ အတူရှေ့ဆက်လို့ရမှာညီ...
ငါမင်းကို လိုအပ်တယ်...ညီ
ပြီးတော့ ငါမင်းကို အချစ်ဆုံးပဲ တစ်ခြားဘယ်သူတွေနဲ့မှယှဉ်စရာကိုမလိုတာပါကွာ...

မင်းဘာတွေသိမ်ငယ်နေတာလဲ...
မင်းကဖြူစင်လွန်းတော့ မင်းကိုဘယ်သူ့နောက်မှအပါမခံနိုင်ဘူး
ငါမင်းကို လှပတဲ့ပန်းလေးတစ်ပွင့်အဖြစ် ဆက်ပြီးရှိနေစေချင်တယ်
အစကတော့ သံယောစဉ်ကြောင့်လို့ထင်ခဲ့ပြီး
ငါ့စိတ်ဆန္ဒတွေ မင်းဆီက ရုန်းထွက်ဖို့ ငါကြိုးစားမိခဲ့တယ်
မိန်းကလေးတွေနဲ့လဲ တစ်​ယောက်ပြီးတစ်ယောက်အချိန်ကုန်ခဲ့မိတယ်
တစ်ကယ်တမ်းကျ အချိန်တွေကြာလာတာနဲ့အမျှ
ငါဘယ်လိုပဲရှောင်ရှောင်...
ငါက မင်းနဲ့မှမဟုတ်ရင် မဖြစ်တော့ဘူး ညီ...
ငါ စာကြိုးစားခဲ့ပေးခဲ့တာလဲ မင်းအတွက်...
ငါဆေးကျောင်းတက်ဖို့ရည်ရွယ်ခဲ့တာလဲ မင်းအတွက်...
ဒီကမ္ဘာကြီးမှာ မင်းရှိတဲ့နေရာ ငါရှိမှဖြစ်မယ် ညီ

ဘာအတွက်ကြောင့်နဲ့မှ မင်းရဲ့ဖြူစင်တဲ့ပုံစံလေး မပျောက်ပျက်စေချင်ဘူး...
နောက်ပိုင်း မာမီရဲ့လုပ်ငန်းတွေကို ငါဆက်ခံရမယ်ဆိုတာသိပင်မဲ့...
ပြီးတော့ ငါက ဆရာဝန်အလုပ်ကိုဝါသနာလဲမပါသလို ဟင်း... စိတ်လဲမဝင်စားဘူး

ကျောင်းပြီးတာနဲ့ လုပ်ငန်းတွေဆက်ခံဖို့
မာမီရဲ့စည်းရုံးမဲ့စကားတွေကိုကြိုသိနေတယ်...

"မင်းငါ့ကို စောင့်နေပေးနော်...ညီ "

ညီိရဲ့ နဖူးပြင် ဖွေးဖွေးလေးကို အနမ်းပေးလိုက်ပြီး အဖျားငွေ့ရှိနေတဲ့ ကိုယ်နွေးနွေးလေးကို မချမ်းစေဖို့ ရင်ခွင်ထဲထည့်ဖက်ပြီး အိပ်စက်ခြင်းဆီသို့....

ReflectionWhere stories live. Discover now