Reflection Part(23)

26 2 0
                                    

" ညီ မငိုပါနဲ့ကွာ မငိုပါနဲ့ ပြောဘာဖြစ်ချင်လို့လဲ
ကိုရှိတယ် ညီ ညီမငိုပါနဲ့ မင်းငိုရင်ငါလဲရင်ကွဲမတတ်ပဲမလို့... ညီ "

" လူဆိုးကောင် မင်းကိုငါဘာလို့အမြဲချစ်မိနေရတာလဲ အီးဟီး မင်းနဲ့လုံးဝမသိတဲ့သူစိမ်းတွေဖြစ်ရင်သိပ်ကောင်းမှာ အီး..."

" ညီ ဘယ်သူဘာပြောလို့လဲ ပြော ကို့ကိုပြော
ညီခံစားနေရတာတွေပြောလာ...ပြောလာလိုက်
ကိုရှိတယ် ညီအခုလိုဖြစ်နေရတာ တစ်ယောက်ယောက်ကြောင့်မလား ညီ
ပြော ကို့ကိုပြော "

ညနေကပြန်လာပြီးတည်းက ထမင်းလဲကောင်းကောင်းထွက်မစား ဆောင်ပဲခြုံပြီးအိပ်နေလို့ အတင်းအကြပ်ဖယ်ကြည့်တော့
ဆောင်ပုံအောက်က မျက်ရည်အပြည့်နဲ့ငိုနေလေရဲ့

" ဘုန်း... ဟင့် "

" ပြော ကို့ကိုပြော ညီ ညီဘာဖြစ်စေချင်လဲ အကုန်ဖြစ်စေရမယ် ဒီလိုကြီးတော့မနေနဲ့ကွာ နော် အငိုတိတ်တော့ "

" မင်းငါ့ကိုလမ်းခွဲမလား "

" ဟာ မဟုတ်တာတွေမပြောစမ်းနဲ့ မင်းနဲ့ဘာလို့လမ်းခွဲရမှာလဲ ညီ မင်းမှတ်ထားဖို့က မင်းမိဘတွေမင်းကိုချစ်တာကိုမမှီရင်တောင် သူတို့အောက်တော့မလျော့ဘူး နားလည်လား ဘာတွေလျှောက်တွေးနေပြန်တာလဲ ဟမ် ဘာလဲ အိမ်ကဘာပြောလို့လဲ ဆူလို့လား ဟုတ်လား "

" ဟင့်အင်း မဆူပါဘူး အိမ်ကမဆူပင်မဲ့...
အီးဟီး...မင်းကိုချစ်တာမလို့ မင်းကိုလမ်းမခွဲနိုင်ဘူး ငါ့ကိုမထားခဲ့ပါနဲ့ ဘယ်လိုအခြေအနေဖြစ်ဖြစ် မထားခဲ့ပါနဲ့နော် ဘုန်း "

" ထားခဲ့စရာလား ညီ မင်းနဲ့လက်တွဲဖို့ဆုံးဖြတ်လိုက်ပြီးတည်းက ငါဘယ်သူနဲ့မှတောင်သိပ်မရောတော့ဘူးလေကွာ မင်းမကြိုက်မှန်းသိလို့
Club တောင်မသွားတာကြာပီလေကွာ...
ဘာဖြစ်လို့ ကိုကညီ့ကိုထားခဲ့မယ်ထင်တာလဲ ဟမ် ဒီခေါင်းလေးထဲက ဘာတွေလျှောက်တွေးနေသေးတာလဲ မင်းကိုငါချစ်တာမသေချာသေးဘူးလား ညီ ဟမ် "

" မင်းကိုချစ်တယ် ဘုန်း "

" ဟုတ်ပီ ကိုကလဲ မင်းကိုချစ်လွန်းလို့
တခြားဘယ်သူနဲ့မှ တွဲမမြင်ချင်တာ
ကိုက မင်းနဲ့ပတ်သက်ရင် အတ္တနဲ့လောဘတော့ရှိတယ် မင်းသိထား ညီ "

ReflectionWhere stories live. Discover now