Reflection Part(22)

33 3 0
                                    

" ညီ ရတု "

" ဟင်...ကို..ကိုမြတ် "

" ရတု ဘာကြောင့် ဒီပေါ်တက်ပြေးသွားလဲလို့ စဉ်းစားနေတာ
ညီ ရတု ဘာကြောင့် ဝမ်းနည်းနေတာလဲ
ပြော ကိုယ့်ကိုပြော ကိုယ်နားထောင်ပေးမယ် "

" မ..မဟုတ်ပါဘူး ကိုမြတ် ကိုမြတ်ထင်သလို.."

" မလိမ်ပါနဲ့ ကိုယ့်ကိုလိမ်စရာမလိုပါဘူး
ညီရတု ငိုချင်ရင် ငိုလို့ရပါတယ် ကိုယ့်ကိုရင်ဖွင့်လို့ရတယ်လေ နော် "

မို့အစ်နေတဲ့ မျက်ဝန်းအဆုံနဲ့ မချင့်မရဲကြည့်လာတဲ့ညီရတုကြောင့်...

" ကိုမြတ် ဒီအကြောင်းကိုဘယ်သူ့ကိုမှပြန်မပြောပါနဲ့နော် "

" မပြောပါဘူး စိတ်ချနော် ကိုယ်ညီမလေးကိုတောင်မပြောပါဘူး ကိုယ့်စိတ်ထဲပဲသိမ်းထားမယ်နော် စိတ်ချနော် "

" ကိုမြတ်..ကိုမြတ်..."

" အင်းပြော ကိုယ်နားထောင်နေတယ်..."

" ဟင့်...ကျွန်တော် သူ့ကိုမေ့မှဖြစ်မယ် ကျွန်တော်တို့ လမ်းခွဲမှဖြစ်မယ် "

" ညီရတု...စိတ်ကိုအေးအေးထား ဘုန်းကလဲ ညီရတုကိုချစ်ရှာပါတယ် ဘာကြောင့်ညီရတုက ဒီလိုပြောရတာလဲ "

" ဟင့်အင်း...သူနဲ့ရှေ့ဆက်လို့မဖြစ်ဘူး "

" ညီလေးတို့ ဘာကြောင့်ရှေ့ဆက်မရတာလဲဆိုတဲ့အကြောင်းရင်းကရော..."

" ဟင့်အင်း ကျွန်တော့်မိဘတွေ သိက္ခာကျမဲ့အလုပ်ကျွန်တော်မလုပ်ချင်ဘူး လုပ်လဲမလုပ်ရက်ဘူး ဖေဖေတို့ မေမေတို့က ကျွန်တော့်ကိုအများကြီး မျှော်လင့်ထားကြတာ...
ကိုမြတ်သိတယ်မလား ဟင် "

" ညီရတု ဘာလို့ အ့လိုတွေးရတာလဲ
ညီရတုတို့ ချစ်ခြင်း က ဘာလို့ မိဘတွေသိက္ခာကျမှာလဲ ဘာလို့လဲ ဉီးလေးတို့ဒေါ်ဒေါ်တို့က အရမ်းတားဆီးနေလို့လား ဟုတ်လား "

" ဟင့်..... ဟင့်အင်း မေမေတို့က ဘာမှမပြောပင်မဲ့ ကျွန်တော်အ့လောက်မမိုက်ရဲရက်ဘူး
ပီးတော့...ပီးတော့ ဘုန်းမာမီက...အင့် "

စကားပြောနေရင်း ရုတ်တရပ်ရပ်သွားတဲ့ညီရတုကြောင့် ညီရတုအကြည့်ရောက်နေတဲ့ကိုယ့်နောက်ကျောကို ပြန်လှည့်ကြည့်မိတော့....

ReflectionWhere stories live. Discover now