Reflection Part(16)

57 3 0
                                    

! ဉာဏ်ရည်ထက်မြက်တဲ့ယောကျ်ားတွေက
ကိုယ့်ရဲ့ မယားကြီးကို ကွာရှင်းပြီး
ဘယ်မယားငယ်ကိုမှ ဉီးထိပ်မပန်ဘူး!

" ဟယ် အကုသိုလ်ပဲကွာ ငါသာမယားကြီးနေရာမှာဆို ပါးကွဲအောင် စော်ထည့်လိုက်မယ် "

" ဟေး ဟေး စိတ်လျှော့လေ ဇာတ်လမ်းကိုဇာတ်လမ်းလိုကြည့် မြတ် "

" မင်းစဉ်းစားကြည့်လေ ငါလဲယောကျ်ားပါကွာ
ဒါပင်မဲ့ အ့လိုရွံစရာကောင်းတဲ့ထိတော့ အောက်တန်းမကျပါဘူး "

" မြတ် ဟျောင့် စိတ်လျှော့ပါကွ
လူတိုင်းအ့လိုမဟုတ်ပါဘူး "

" ဟိုကောင်ကရော ဘာထူးလဲ
မမမှာအပစ်မရှိပါဘူး
ကျွန်တော်ကသာ အချစ်ကိုချစ်မိသွားတဲ့အပစ်ပဲရှိတာပါတဲ့ ထွီ သူကတပြန်ကြီးနော် "

" အို ဟိုး မယားကြီးmood ဝင်နေပါ့လား "

အခန်းထဲကနေထွက်လာတဲ့ ရတုကဝင်ပြောလာတယ်

" ရတုကလဲ မင်းစဉ်းစားကြည့်လေ
အ့လိုလေ သူတို့မိန်းမတွေက မပြည့်စုံတာလဲမဟုတ် မချောမောတာလဲမဟုတ်
ဒီခနတဖြုတ် သာယာမှုကိုမက်မောပြီး ဖောက်ပြန်ကြတာ ဘယ်လောက်အောက်တန်းကျလဲ "

" အင်း ငါလဲ ဖောက်ပြန်တာကို သဘောမကျဘူး
တကယ်ဆိုရင် ဒီဇာတ်လမ်းမှာ မိန်းမတွေက အထက်မြက်လွန်နေတာလဲပါတယ် အလုပ်ကိုပဲလုပ် overtime တွေနဲ့ schedule ကများနေတော့ ခင်ပွန်းသည်အပေါ် မိန်းမတွေရဲ့ တာဝန်လေးနည်းနည်းလှစ်ဟင်းတာလဲပါတယ်
မိန်းမတွေလုပ်နေကျ ချော့တစ်ခါ ခြောက်တစ်လှည့် မူယာမာယာလေး နည်းနည်းလိုတယ်လို့ထင်တယ် "

စကားလဲ​ပြောရင်း sofa ပေါ်လာထိုင်တဲ့ရတုကြောင့်....

" မင်းပြောတာလဲ ဟုတ်ပါတယ်
ဒါပင်မဲ့ကွာ မိန်းမဘယ်လောက်အလုပ်ရှုပ်ရှုပ်
သူ့ဟာသူအေးဆေးနေတတ်တဲ့ကောင်တွေက ရှားပါတယ်ကွ "

" အင်း အိမ်ထောင်တစ်ခုရဲ့ဆည်းလည်းလေးဆိုတဲ့ သားသမီးရတနာလဲ လိုသေးတာကိုး...
ဖောက်ပြန်တာခြင်းတူပင်မဲ့
ဒီမင်းသားနှစ်ယောက်ရဲ့ မက်မောပုံကမတူဘူးကွ"

" အင်း ဘယ်လိုမတူ ပြောစမ်းပါအုံး ရတု "

" မင်းတို့နှစ်ယောက် ဒီညဆွေးနွေးလို့ပီးပါအုံးမလား ဟမ် "

ReflectionWhere stories live. Discover now