Reflection Part(10)

60 4 0
                                    

Medical teamထဲမှာပဲ အတူတက်ဖြစ်ကြတဲ့
သူငယ်ချင်းတွေအကုန်လုံး...

Dental teamမှာ တက်တဲ့ မြတ်နဲ့သီဟ
Orthopedic teamမှာတက်တဲ့စန္ဒီ...

အားလုံးဟာသူ့သက်ဆိုင်ရာ ဌာနကိုအသီးသီးသွားကြပီ...

ညီနဲ့ကိုယ်ကတော့ တစ်လမ်းတည်းအတူတူ...
Surgical teamဆောင်ကိုပဲလျှောက်လာကြတယ်..

" ဘုန်း ဟို..."

အသစ်အဆန်းကိုတွေ့ရင် ကြောက်တတ်တဲ့ညီ့အကျင့်ကဖျောက်မရ...
လက်နှစ်ဖက်ကိုထပ်ပြီးပွတ်နေတဲ့ညီ...

" ညီ မင်းကလဲ ကလေးမဟုတ်တော့ပဲနဲ့...
ကြောက်မနေနဲ့ အားလုံးက သူလိုကိုယ်လိုကြီးပဲ "

" ငါ ငါ toilet... "

" အေးပါကွာ သွားသွား "

နီးစပ်ရာအဆောင်က toilet ကိုဝင်သုံးနေတဲ့ညီ့ကိုအပြင်ဘက်မှာ စောင့်ရင်း...

ဖြတ်သွားဖြတ်လာလုပ်နေကြတဲ့ကျောင်းသားကျောင်းသူတွေကိုအကဲခတ်မိတယ်...

" အိုးဟိုး လှတဲ့သူကျတော့လဲ တကယ်လှ..."

ဆေးကျောင်းဆို စာအရမ်းလုပ်ပြီး မျက်မှန်ထူထူကြီးတွေတပ်တဲ့သူတွေလောက်ရှိမယ်ထင်ထားတာ...အခုတော့ အချောအလှလေးတွေ ပေါသကိုး...
ငါ့ဘဝကြီးကတော့ တစ်ခန်းမရပ်သေးဘူးပဲ..ဟူး
ငါလဲ ချောမောရတာ ပင်ပန်းနေပီ...

ဆံပင်ကိုသေ​သေသပ်သပ်လှန်တင်ထားတာကြောင့်...မျက်နှာပေါ်ပြီး ကြည့်ကောင်းတဲ့ရုပ်ရည်သွင်ပြင်ကပိုပြီးပေါ်လွင်နေတဲ့ ဘုန်းမြတ်ဇော်ကိုလဲ ငေးသွားကြတဲ့ ကျောင်းသူကျောင်းသားတွေရှိကြပါတယ် 
အသားအရေဖြူတာမလို့ အားကစားလုပ်နေကျ
ဘုန်းရဲ့လက်ဖျံမှာ သွေးကြောစိမ်းတွေက ယှက်နွယ်ပြီး နေရာယူလျက်သား...

အကျီခေါက်တင်ထားတဲ့ဘုန်းကြောင့်...
အကြည့်တွေကတော့ ဘုန်းရဲ့လက်ကိုပဲငေးသွားကြရင်း တီးတိုးပြောသွားကြတာက..

အိုး.....ဘုန်းအမြဲကြားနေကြစကားတွေပေါ့...
အရမ်းသန့်ပြီး ဒီဘဲကြီးမိုက်တယ်ဘာညာပေါ့...

အနည်းငယ်ပြန်ပြုံးပြမိတော့....
Line accတောင်အလှယ်အလဲလာတောင်းကြတဲ့အထိ....

ReflectionWhere stories live. Discover now