Reflection Part(24)

31 3 0
                                    

ကျောင်းကိုရောက်တာအတော်ကြာပီ...
မနက်၈နာရီတည်းကနေ ၁၀ နာရီထိုးတော့မယ်
ခုချိန်ထိ ညီlibraryထဲကထွက်မလာဘူး...

ညတည်းကစကားသိပ်မပြောလိုက်ရ...
ညကဆေးလိပ်သောက်တာကိုစိတ်ကောက်နေတာလား...
ခုလဲ စာပို့တာ စာပြန်မလာ...
Phဆက်တော့လဲ မကိုင်...
ညီ မင်းတော့ငါကိုင်စောင့်မိတော့မယ်

Library ကဒ်ပါမလာလို့သာအပြင်မှာစောင့်နေရတာ...စိတ်ကတိုလာပီ

ဒီကြားထဲ ဟိုပြိုင်ဘက်ကောင်ကတစ်မျိုး...
မချိပြုံးနဲ့ library ထဲဝင်သွားတာ...

ညီ popular ဖြစ်လာ တာလဲမပြောနဲ့...
လူတကာတွေ့ပြုံးပြနှုတ်ဆက်ရတာနဲ့...
သူနဲ့သိသိမသိသိ...
အ့ဒီဆယ်ပြားလိုနေတဲ့ကောင်နဲ့လဲ ဘယ်ချိန်တည်းကသိနေတယ်မသိ...
စာမေးချင်ယောင်ဆောင်ပြီးညီ့နားရောက်ရောက်လာ
ပြောရင်းဆိုရင်း ဒီကောင့်မျက်နှာမြင်ယောင်လာပြီး ပိတ်ကန်ပစ်ချင်လာပီ

Library ထဲကထွက်လာတဲ့သူမှန်သမျှကလဲပြုံးစိပြုံးစိနဲ့...
ဘာလဲကွာ......

ငါ့နှယ် ကလေးတစ်ယောက်ကိုကျောင်းလာကြိုတဲ့အမေနဲ့တောင်တူနေပီ
ခေါင်းတစ်ထောင်ထောင်နဲ့လည်ပင်းရှည်နေပီ

" ဟျောင့် ဘုန်းမြတ် အထဲမဝင်ပဲဘာလုပ်နေတာလဲ "

Library ထဲကထွက်လာတဲ့ ဌာနတူသူငယ်ချင်းတစ်ယောက်ကမေးလာတော့

" ကဒ်ပါမလာလို့ "

"  မင်းကဘယ်သူ့စောင့်နေတာလဲ
မင်းကစာအုပ်ငှားမဲ့ရုပ်တော့မပေါက်ဘူး "

" ဘယ်သူရှိမလဲ ညီ ပေါ့ "

" ဟမ် ရတုညီ လား ထွက်သွားတာတစ်နာရီလောက်ရှိတော့မယ် မင်းမသိဘူးလား "

" ဘာ...ထွက်သွားပီ ဟုတ်လား "

" အေးလေကွာ သူပြောတာတော့ ဒီတစ်ခေါက်fieldမှာထပ်ရမဲ့ Assignment အတွက်လိုအပ်တဲ့စာအုပ်လာငှားရုံပါပဲတဲ့ အ့လိုပြောသွားတယ် "

" ဘာ...."

" ငါပြောရင် မင်းထပ်စိတ်မဆိုးနဲ့အုံး "

" ဘာလဲ "

" မင်းရဲ့No1 ပြိုင်ဘက်ကြီးနဲ့ အတူထွက်သွားတာ "

ReflectionWhere stories live. Discover now