Reflection Part(28)

26 0 4
                                    

ဒီနေ့ နယ် field ခရီးစဉ်အပီး ရန်ကုန်ပြန်ရတော့မှာမလို့ စိတ်ထဲပျော်နေမိသား

ဒါပင်မဲ့...
ရန်ကုန်ပြန်ရောက်တဲ့အခါကျရင်ရော...
အဆင်ပြေပါ့မလား

" မြတ် ပစ္စည်းတွေဆုံရင် သွားမယ်  "

" အော် အင်း ဆုံပီ "

" မင်းကို ငါမှာထားတာ မမေ့နဲ့ "

" အင်း "

မဟုတ်ရင်လဲ ဘုန်းနဲ့ရတုကိုပါ အဖြစ်အပျက်တွေ ပြောပြဖို့ထိ အင်အားမရှိသေးပါဘူး
ပီးတော့ စန္ဒီ့ကိုလဲ မပြောချင်မိတာတော့အမှန်...

" ပီးတော့ ကျောင်းပီးတာနဲ့ မင်းမိဘတွေကို အသိပေးမယ် မင်းကိုငါတရားဝင် Engaged လုပ်ထားမယ် "

" ဟို သီ သီဟ ငါ့ကို အ့လောက်မစဉ်းစားပေးလဲရပါတယ် "

" မင်းကိုငါ နှစ်ခါမပြောဘူး
အ​ခြေအနေတွေအတည်တကျဖြစ်တာနဲ့ မင်းငါ့ကိုလက်ထပ် "

"လက်ထပ် ဟုတ်လား
မင်းဘာလို့ ငါ့အပေါ်ကာကွယ်ပေးနေရတာလဲ "

" နောင်တမရချင်လို့ "

" ဘာအတွက်လဲ "

" အ့ဒီလောက်ပဲ မင်းသိရင်ရပီ "

" မဟုတ် မဟုတ်သေးပါဘူး မင်းလဲမင်းဘဝရှိသေးတယ်လေ မင်းအနားမှာ ငါအမြဲနေလို့မဖြစ်နိုင်ဘူးလေ "

" မြတ် ငါဆိုတဲ့ကောင်က ပျော်ပျော်နေနေတိုင်း
အမြဲပေါ့ပျက်ပျက်တွေးနေတဲ့သူတော့မဟုတ်ဘူး
ငါလေးလေးနက်နက်တွေးခေါ်ပြီးမှ မင်းကိုပြောတာ "

အင်း မင်းကို မကာကွယ်ပေးနိုင်ခဲ့လို့ မင်းဒုက္ခရောက်ခဲ့ပီးပီ
မင်းကို သေချာမစောင့်ရှောက်ပေးနိုင်ခဲ့လို့
ပီးတော့ မင်းပျော်ပါစေဆိုပြီး မင်းဘေးနားက
လူတွေမကောင်းမှန်းသိသိရဲ့နဲ့ စောင့်ကြည့်နေခဲ့မိလို့ မင်းကိုအလိုလိုက်ခဲ့မိလို့
တစ်ခါပဲ နောက်တစ်ခေါက် နောင်တမရချင်ဘူး

" အင်းပါ "

ငါဘာတွေမျှော်လင့်နေမိတာလဲ
မင်းနဲ့တန်လို့လား မြင့်မြတ်ဉီး
မင်းကိုဒီလောက် စောင့်ရှောက်ပေးနေတာနဲ့တင်
မင်းဘဝကိုတာဝန်ယူပေးတာနဲ့တင်

ReflectionWhere stories live. Discover now