Reflection Part(25)

18 2 0
                                    

ဟင့်...ဟင်းတွေလဲကုန်တော့မယ်...
စျေးကလဲမနီးဘူး...
တစ်ယောက်တည်းလည်းမသွားရဲဘူး...
ဘယ်မှလဲမသွားတတ်ဘူး...

" ဟင်း...ဟင့် "

မနက်အိပ်ယာနိုးတည်းက သက်ပြင်းတွေချနေတဲ့ညီ...
ခက်ခက်ခဲခဲတော့အလုပ်သိပ်မရှိပင်မဲ့...
ဒီနေ့ off ရက်ရတဲ့ဟာ အေးဆေးမအိပ်နေပဲ...
တမှိုင်မှိုင်တထွေထွေနဲ့ သက်ပြင်းတွေပဲချနေလေရဲ့...

" ညီ...ဘာတွေအ့လောက်သက်ပြင်းချနေတာလဲ"

" ဟင့် မင်းကတော့ ဘယ်တွေးပူပါ့မလဲ မေမေထည့်ပေးလိုက်တဲ့ဟင်းတွေကုန်နေပီ သိလား "

" အော် ဟားဟား ဟင်းကုန်တာများ ဝယ်စားမှာပေါ့ ဘာတွေစိတ်ပူနေရတာလဲ ညီ ရဲ့ "

" ဟင်း ဘယ်မှာလဲ ဆိုင် ထမင်းဆိုင်ဟင်းဆိုင်နဲ့ပတ်သက်တာမတွေ့ဖူးသေးဘူး
ဒီကိုရောက်ပီး၁၀ရက်မြောက်ဖြစ်နေပီ ဆိုင်နဲ့တူတာတွေ့လို့လား "

" ဟာ ဆိုင်များစျေးဘက်ရှိမှာပေါ့ "

" ဘုန်း လွယ်လွယ်လေးတွေးပြန်ပီ စျေးဘဲရောက်အောင်အရင်သွားအုံး အဝေးကြီး "

" အော် ဒါတော့ဒါပေါ့ ဘယ်တတ်နိုင်မလဲ
ညီပင်ပန်းရင်နေခဲ့လေ ကိုယ်သွားဝယ်မယ် "

" ဟင်း မနေရဲပါဘူး "

" မနေရဲလဲ လိုက်ခဲ့ပေါ့ "

ဟားဟား ညီ့ကိုကြည့်ရတာ ဟင်းစားကုန်သွားလို့
ယောကျ်ားကိုထိုင်ငြီးနေတဲ့ မိန်းမကျနေရာ

" ဟားဟား "

" ဘာရယ်တာလဲ "

" မရယ်ပါဘူးဗျာ ကဲ သွားမယ်ဆိုလဲ နေမမြင့်ခင် ဆိုင်ကယ်ငှားပြီးသွားရအောင် "

" ဘုန်း အ့တာဆိုခန ပိုက်ဆံအိတ်သွားယူအုံးမယ်"

" card ပါတယ်လေ "

" မင်းမေကြီးတော် card ကို ဒီမှာဘယ်လိုသုံးမှာလဲ "

" ATM ကဒ်ကို ပြောတာပါညီရ..ဟား
ကိုယ်ဒီမှာ မာမီ့cardတွေသုံးလို့မရမှန်းတော့သိပါတယ်ကွာ ဟားဟား "

" ယူမနေနဲ့ ATM လဲရချင်မှရမှာ ငါ့ပိုက်ဆံအရင်သုံးမယ် လာမြန်မြန်သွားမြန်မြန်ပြန်မယ် "

ReflectionWhere stories live. Discover now