Reflection Part(6)

54 5 0
                                    

ဘုန်းမြတ်ဇော် မြင့်မြတ်ဉီး နဲ့သီဟနိုင် တို့ ၃ယောက်စကားတစ်ပြောပြောနဲ့ ဂစ်တာတီးနေကြတယ်...
Location ကတော့ ဘုန်းမြတ်ဇော်ရဲ့မာမီဝယ်ပေးထားတဲ့ ကျောင်းတက်ရင် နေဖို့အတွက်ဝယ်ပေးထားတဲ့ တိုက်ခန်းမှာပေါ့...

ဘုန်းကြီးရဲ့ မာမီက သူ့သားအဖော်မရှိမှာဆိုတာနဲ့
အနွံတာခံပေါင်းတဲ့ အတွင်းသိအဆင်းသိ အပေါင်းအသင်းတွေနဲ့ မကွဲကွာစေချင်တာလဲပါလိမ့်မယ်
ဘုန်းကြီးနဲ့ ရတု ကတော့ တစ်ခန်း
သီဟနဲ့မြင့်မြတ်က တစ်ခန်းနေပေါ့လို့ဆိုလာတဲ့..
ဘုန်းကြီးရဲ့မာတာမိခင် ဒေါ်ခင်ခင်ဇော်ကစကားချိုသွေးပြီး အမိန့်ဆိုလာတယ်

ဒါကြောင့် သန့်ရှင်းရေးအရင်လုပ်ကြဖို့ တိုင်ပင်ရင်း တိုက်ခန်းမှာ လူစုမိကြတာပေါ့..
ရတုက နည်းနည်းနောက်ကျမယ်လို့ phဆက်လာတော့ ဘုန်းကြီးက မလာလဲရတယ်လို့ပြောလိုက်ပြီး phကိုချလိုက်တာတွေ့လိုက်ရတော့...

ရုပ်တည်ကြီးနဲ့ ဘုန်းကြီးက အရင်ကလို ပြုံးပြုံးရယ်ရယ်မရှိတာနဲ့ စိတ်​ပြေလက်ပျောကိ သီချင်းညည်းကြဖို့ အာရုံလွှဲလိုက်တယ်

ခံစားချက်အပြောင်းအလဲ မြန်တဲ့ ဘုန်းကြီးက..
သီချင်းညည်းတဲ့အပေါ် မိနစ်ပိုင်းအတွင်း စိတ်လည်လာတယ်
....

ဂစ်တာတီးရင်း တွေးတွေးဆဆ ဖြစ်နေတဲ့ မြင့်မြတ်....

" ဟျောင့် မြတ်ကြီး ဘာတွေဆွေးနေတာလဲ "

" ဟင် မဆွေးပါဘူးကွာ "

" ဟျောင့် မြတ် ဟိုတစ်ယောက် ကိုအာရုံထဲက ထုတ်မရသေးဘူးလား "

သီဟရဲ့ကြားဖြတ်မေးခွန်းတစ်ခုကြောင့်...
ကြောင်အအဖြစ်သွားတဲ့ ဘုန်းမျက်နှာကိုအကဲခတ်ရင်း...

" ဟ မြတ်ကြီး မင်း ရင်ခုန်တတ်နေပီလားကွ "

ဘုန်းရဲ့သဘောတကျ အဖွင့်မေးခွန်းကြောင့်..

" နည်းနည်းပါ ငါဘယ်တုန်းကမှ အ့လိုမဖြစ်ခဲ့ဖူးဘူး သူ့ကိုမြင်တော့ သူက ဝတ်စားပုံကအစ သန့်သန့်လေးဆိုတော့ နည်းနည်းမျက်မှန်းတန်းမိရုံပါ "

" အမယ် မျက်မှန်းတန်းမိတဲ့ကောင်က...
နာမည်တောင်စုံစမ်းလိုက်သေး
ဘုန်းကြီး အ့ကောင် ဖွန်ကြောင်နေတာ.. အသိသာကြီး "

ReflectionWhere stories live. Discover now