484 10 1
                                    

ညက အတွေးများနေတာကြောင့် မနက်အစောပိုင်းလောက်မှ အိပ်ပျော်သွားသည်။

.. ဒေါက်.. ဒေါက်

အကိုလေး....  အကိုလေး "

ဟာ...ဘာ..လဲ
အခုမှ အစောကြီးရှိသေးတာကို ဘာလို့နှိုးနေတာလဲ...  "

အကိုလေး သွားဖို့ပြင်ဆင်ထားပါ "
ခဏနေ သွားတော့မှပါ အကိုလေး "

" သိပြီး...  ငါလာခဲ့မယ့် ဟုတ်ပြီးလာ "

ရိန်း မနက်စောစောစီးစီးကို ဒေါသတွေနဲ့ ထလာရပြန်တယ်။ မထလို့လည်း မရဘူး
ဟိုကောင်က အခန်းထဲ ဝင်လာပြီး လူကို ဘာလုပ်မှာလဲ မသိဘူး "

သခင်လေး...  အဆင့်သင့်ဖြစ်ပါပြီး "

ဟုတ်ပြီး။ မင်းတို့ အကိုလေးက ဘာလုပ်နေတာလဲ

ငါလာပြီး "

ရိန်း ခင်ဗျားက သိပ်ချစ်စရာ ကောင်းလိုက်တာ။ နဂိုအသားဖြူတဲ့သူက အခုအနီရောင် အကျီလက်ရှည်လေးနဲ့ ဂျင်ဘောင်းဘီ အနက်ရောင်လေးကို ဝတ်ထားတော့ ခင်ဗျားနဲ့ အရမ်းလိုက်ဖက်တာပဲ။ နာမည်ကြီး brand မဟုတ်တာတောင် ခင်ဗျားဝတ်လိုက်တဲ့ အရာတိုင်းက အရမ်းကို ခင်ဗျားနဲ့ လိုက်ဖက်တယ်။
တော်တော်ကြာအောင် ရိန်းကို ကြည့်နေလိုက်တာ စေတန် ခေါ်တာတောင် မကြားနိုင်လောက်အောင်ထိကို ခင်ဗျားက ကျွန်တော်ရဲ့ စိတ်တွေ အကုန်လူံးကို ညှိ့ယူနိုင်လွန်းတယ် ။

" သခင်လေး... သခင်လေး "

အမ်း.. !! အရှက်ပြေအောင် ချောင်းဆိူးလိုက်ပြီး ရိန်းဆီက အကြည့်တွေကို ခွာလိုက်သည်။

သွားမယ်...

ဒီကောင် ဘာဖြစ်နေလဲ မသိဘူး "
လူကို ပိုင်ဆိုးပိုင်နင်း စိုက်ကြည့်နေတာ မသိရင် ကိုယ်က သရဲ  ကြနေတာပဲ "

" ခင်ဗျား တိုးတိုး.. တိုးတိုးနဲ့ ဘာတွေပြောနေတာလဲ "

" ဘာမှ မပြောဘူး "

စေတန်က အလိုက်သင့် တံခါးဖွင့်ပေးတာကြောင့် ဝင်ထိုင်လိုက်သည်။

ခင်ဗျား ဟိုဘက်ဘေးနည်းနည်းတိုး "

မင်းဟိုဘက် တံခါးက တက်လေး "

ပြိုင်မျဥ်း၏တစ်ဖက်တစ်ချက်စီသို့(ongoing)Where stories live. Discover now