312 14 1
                                    

ခင်ဗျားကို တခြားခေါ်သွားစရာ နေရာတွေရှိသေးတယ် ။

ဘိန်းခင်းတွေကို ဖြတ်သွားပြီတဲ့နောက်မှ
ဂိုထောင်လို အဆောက်အုံကြီး ကိုဆောက်ထားတာတွေ့တာကြောင့်

" မင်း... ငါကို ဘာလုပ်မလို့လဲ "

ရှေ့ကနေသွားတဲ့ ကောင်က ရိန်းမေးလိုက်တဲ့မေးခွန်းကြောင့် ရိန်းကို ကြည့်လိုက်ပြီး မတတ်နိုင်ဘူးဆိုတဲ့ မျက်နှာဘေးနဲ့ လက်ကို ဟန်ပါပါ ဘောင်းဘီအိတ်ကပ်ထဲထည့်လိုက်ပြီး ရိန်းဆီကို တစ်လှမ်းချင်းလျှောက်လာတာကြောင့် ရိန်းလည်း သူတိုးသည်နှင့် နောက်ကို တဖြည်းဖြည်းချင်းစီဆုပ်နေသည်။

" ကျုပ်က ခင်ဗျားကို ဘာလုပ်မယ်ထင်လဲ "

" ဘယ်.  ဘယ်သိမှလဲ "

" ခင်ဗျား ဦးနှောက်သေးသေးလေးနဲ့ ပေါက်တတ်ကရတွေ တွေးမနေနဲ့ " .

လာခဲ့ဆိုပြီး ရိန်းရဲ့ လက်ကို ဆွဲပြီး ဂိုထောင်ထဲကို ခေါ်သွားသည်။ ဂိုထောင်ထဲမှ စက်တွေက သူတို့လုပ်စရာရှိတာတွေကို လုပ်နေကြတာကြောင့် ရိန်း တအံတသြကြည့်နေမိသည့။

" ဘယ်လိုလဲ ကျုပ်ရဲ့ လုပ်ငန်းကို သဘောကျလာ "

" ငါသိချင်တာရှိတယ် ဥသ္သရ "

" ခင်ဗျား ခုနက ကျုပ်ကို ဘယ်လိုခေါ်လိုက်တာလဲ "

" ဥသ္သရလေး ဘာဖြစ်လို့လဲ မင်းအဆင်မပြေဘူးဆို မခေါ်တော့ဘူး "

" ကျုပ်ကို အဲ့လိုမျိုးခေါ်တာမကြားဘူးလို့ပါ
ကျုပ်အရမ်းသဘောကျတယ် ခင်ဗျားအဲ့လိုမျိုး ထပ်ခေါ်ပေးလို့ရလာ "

" ဥသ္သရ "

" လူတွေကို မခိုင်းပဲ ၊ စက်တွေကို ဘာလို့လုပ်ခိုင်းတာလဲ "

" မေးလ်ုက်တဲ့ မေးခွန်းမဆိုးဘူး ၊ ကျုပ်ပြောပြမယ်။ လူတွေကို မခိုင်းရတာက ရှင်းပါတယ် ၊ကျုပ်လုပ်နေတဲ့ အလုပ်က ဥပဒေနဲ့ မညီညွတ်ဘူး လူတွေက ကျုပ်လုပ်နေတဲ့နေရာကိုပြောပြလိုက်ရင် ကျုပ် အဖမ်းခံရမယ်လေး ။ အဲ့ဒါကြောင့် လူတွေအစား ပိုပြီးယုံကြည့်စိတ်ချရတဲ့ စက်တွေကို သုံးလိုက်တာ။

ဒါပေးမဲ့ ဒီစက်တွေကို ထိန်းချုပ်ပေးတာက လူတွေပေါ့ ။ ခင်ဗျားကို ထိန်းချုပ်ခန်းကို ခေါ်သွားပေးမယ် ။ "

ပြိုင်မျဥ်း၏တစ်ဖက်တစ်ချက်စီသို့(ongoing)Where stories live. Discover now