405 11 5
                                    

ရိန်းအိပ်ရာ အပြောင်းအလဲကြောင့် အိပ်မပျော်ပဲ အိပ်ရာပေါ်မှာ ဟိုက်ဖက်လှည့် ဒီဖက်လှည့်နဲ့ နေနေသည်။ အိပ်လို့ မရတဲ့ စိတ်ကို အတင်း မျက်စိမှိတ်ပြီး အိပ်ပျော်ဖိူ့ ကြိုးစားပေးမဲ့ အိပ်မပျော်တာကြောင့် ခြံထဲလမ်းလျှောက်ဖို့ သွားလိုက်သည်။

လရောင်ရဲ့ အလင်းကြောင့် သိပ်မမှောင်
လမ်းလျှောက်ဖို့အတွက်တော့ အဆင်ပြေတယ်။ ခြံထဲ မီးတွေ ထွန်းသင့်သလောက်ထွန်းထားပေမဲ့ သစ်ပင်တွေရဲ့ကြားထဲကနေ ထိုးထွက်နေတဲ့ လရောင်ကြောင့် လမ်းကို မြင်ရသည်။

နေဥသ္သရ အိပ်မပျော်တာကြောင့် ဝံရတာဘက်မှ စီးကရက်သောက်ပြီး နေနေတုန်း ခြံထဲကို လူအရိပ်တွေ့လိုက်တာကြောင့်
ခါးကြားထဲမှာ ထည့်ထားတဲ့ သေနပ်ကို ယူလိုက်ပြီး လူအရိပ်တွေ့လိုက်ရတဲ့ နေရာကို သွားလိုက်သည်။

ရိန်း ​ခြံထဲလမ်းလျှောက်တာ ညောင်းလာတာကြောင့် ရှေ့နားမှ ရှိတဲ့ ထိုင်ခုံမှာ ခဏထိုင်လိုက်ပြီး ခြံထဲကို ကြည့်နေမိသည်။

" ဒီကောင် ခြံထဲကို သူလမ်းမလျှောက်ရတိုင်း သူများတွေမောအောင် ခြံကို အကျယ်ကြီးဝယ်ထားတာလဲ မသိဘူး "

ရိန်း ခြံထဲကို ကြည့်နေမိတာ ဘယ်လောက်တောင် ကျယ်တာလဲ မသိဘူး ။ အခုတောင် လမ်းလျှောက်တာတောင် ခြံရဲ့ ခြံစည်းရိုးကို မတွေ့မိသေးဘူး။

နေဥသ္သရ ခုနကတွေ့တဲ့ အရိပ်အနောက်ကို လိုက်သွားတော့ ရှေ့နားမှ ထိုင်နေတဲ့ ကျွန်တော်ရဲ့ အသည်းအသက်လေးကို တွေ့တာကြောင့် ခုနက ကိုင်ထားတဲ့ သေနပ်ကို ခါးကြားထဲပြန်ထည့်လိုက်ပြီး အသည်းအသက်လေးရှိတဲ့နေရာဆီကို သွားလိုက်သည်။

" ခင်ဗျား ခုချိန်ထိ မအိပ်သေးဘဲ ဘာလုပ်နေတာလဲ "

" အောင်မလေး နေဥသ္သရဆိုတဲ့ ကျက်သတုန်းနဲ့ ငါနဲ့ ညား "

" ခင်ဗျား ဘာပြောလိုက်တာလဲ ခုနက "

" ရိန်းတစ်ယောက် အတွေးတွေများနေတုန်း
အသံကြားလိုက်တာကြောင့် လန့်သွားပြီး ပါးစပ်က ရောင်ရမ်းပြီး ပြောမိလိုက်တာကို
ထပ်မေးနေတဲ့ ကောင်ကို

ပြိုင်မျဥ်း၏တစ်ဖက်တစ်ချက်စီသို့(ongoing)Where stories live. Discover now