၁၀

330 11 1
                                    

သူကို အပြစ်ပေးခန်းထဲ ခေါ်သွားလိုက်တော့

နေဥသ္သရလည်း ဇိုင်းရာကို မှာစရာရှိတာမှာပြီးရိန်းဆီကို လာလိုက်သည်။ ၁မိနစ်လောက်ခွဲရရင်ကို ဥသ္သရ ရင်ထဲမှာ ရိန်းကိုစိုးရိမ်ပူပင်မူတွေအပြည့်။ ကိုယ်ကသာ စိုးရိမ်နေတာ အသည်းအသက်လေးကတော့ ဆိုဖာပေါ်မှာအိပ်မောကျနေတယ်။

" အိပ်ရာပေါ် သွားအိပ်လို့ပြောခဲ့တာကို ခင်ဗျား ကျုပ်ပြောစကားဆို တစ်ခွန်းမကျန်နားထောင်တာ "

ဥသ္သရလည်း ရိန်းကို ပွေ့ချီလိုက်ပြီး အိပ်ရာပေါ်တင်လိုက်သည်။ ညနေ့ကတည်းက ရေမချိုးရသေးတာကြောင့် လူလည်း ငြိစိစိဖြစ်လာတာကြောင့် ရေချိုးခန်းထဲဝင်သွားလိုက်သည်။ ဥသ္သရ ရေချိုးပြီးထွက်လာတော့ ကို မနိုးသေးသော သူ့အသည်းအသက်လေးနားကို သွားလိုက်သည်။

" ခင်ဗျား မျက်နှာလေးက အေးချမ်းလိုက်တာ ၊ တစ်နေ့တာ ပင်ပန်းခဲ့တဲ့အရာတွေက ခင်ဗျားကိုယ့်ကြည့်ရင်နဲ့ကို အလိုလိုပြေပျောက်သွားတယ်အထိ ခင်ဗျားက ကျုပ်အပေါ်ကို စိုးမိုးလွန်းတယ် "

ဥသ္သရလည်း ရိန်းရဲ့ဘေးနားဝင်လှဲလ်ုက်ပြီး ရိန်းရဲ့ကိုယ်လေးကို ရင်ခွင်ထဲထည့်ပြီ အိပ်လိုက်သည်။

" မင်းတို့ကို ဒါလေးခိုင်းတာတောင် စောက်သုံးမကျဘူး "

" ဆရာ သခင်လေးက ကျွန်တော်တို့လိုက်တာကို ရိပ်မိပြီ မောင်းထွက်သွားတာကြောင့်
ကျွန်တော်တို့ မျက်ချေပျက်သွားတာပါ "

" မင်းတို့ကို ငါအစကတည်းက သတိပေးခဲ့တယ် "

" အခု layz ဂိုဏ်းကလူတွေ ငါသားနောက်လိုက်နေတယ် ၊ သူတို့ဘာကြောင့်လိုက်တာလဲဆိုတာ စုံစမ်း ။ ငါသားနောက်ကိုလည်းမျက်ချေမပြတ်လိုက် "

" ဟုတ်ကဲ့ပါ ဆရာ "

စားပွဲပေါ်မှ တင်ထားတဲ့ ဓာတ်ပုံလေးကိုကြည့်လိုက်ပြီး

" ဒေဝီ ကိုယ်မင်းကိုတော့ ကာကွယ်မစောင့်ရှောက်နိုင်ခဲ့ပေးမယ် သားကိုတော့ကိုယ်အသက်နဲ့ရင်းပြီးစောင့်ရှောက်မှပါ ။ ဒါဟာ သားအပေါ်ထားရှိတဲ့ ကိုယ့်ရဲ့မေတ္တာပဲ ။

ပြိုင်မျဥ်း၏တစ်ဖက်တစ်ချက်စီသို့(ongoing)Where stories live. Discover now