314 10 1
                                    

ရိန်းတို့ မောင်းလာတာလဲ ကြာပြီး။ အခုထိမရောက်သေးဘူး ။ ရိန်း စိတ်ထဲမှ ကြောက်လဲ ကြောက်မိသည် ၊ ဟိုကောင်က သူကို နယ်စပ်မှ ရောင်းစားခဲ့မှာကို ပိုကြောက်မိသည်။

" နောက်ကလူ ငိုက်မနေနဲ့နော် ခင်ဗျားငိုက်လို့ပြုတ်ကျနေခဲ့ရင် ကျုပ်က ခင်ဗျားသဘောကျတဲ့ ပန်းခင်းထဲ မြေမြှုပ်ခဲ့မှနော် "

" ဘာ!! မင်းဘာစကားပြောတာလဲ "

" ခင်ဗျား ၊ ကြားတဲ့အတိုင်းပဲ "

ရိန်းကို တစ်လမ်းလုံးအကန့်တွေပြောနေတဲ့ အရှေ့ကကောင်ကို အနောက်က လုပ်လိုက်ရင်လည်း ဆိုင်ကယ်လဲမှလည်း ကြောက် ။
ဒေါသထွက်နေတဲ့ စိတ်တွေကို ဘေးက ရှုခင်းတွေကို ကြည့်ပြီး ဖြေလျှော့လိုက်သည်။

နေဥသ္သရ ခြံထဲကထွက်ပြီးဆိုကတည်းက အနောက်ကနေ တပ်ကြပ်မကွာလိုက်တဲ့ ကားတစ်စီးကို သတိထားမိတာကြောင့်

ဟိတ်!! အနောက်ကလူ..

ဘာလဲ!! ပြော

ခင်ဗျား ကျုပ်ခါးကို မြဲမြဲဖတ်ထား "

" ဘာဖြစ်လို့လဲ.. "

မေးခွန်းတွေ မမေးသေးနဲ့ဦး ၊ ကျုပ်ပြောသလို့လုပ် "

" ရိန်းလည်း ရှေ့ကကောင်ရဲ့ ခါးကို မြဲမဲဖတ်လိုက်သည်နဲ့ စောနကမောင်းတာထက် အရှိန်ကို နှစ်ဆလောက်မြန်အောင်မောင်းနေတဲ့သူကြောင့် ပြုတ်ကျမသွားအောင် သူရဲ့ခါးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်သည်။

နေဥသ္သရတို့ အနောက်ကကားကို မျက်​ချေပျက်အောင် ​မောင်းလာတာကြောင့် အနောက်က ကားလည်း ပါမလာတော့ဘူးဆိုမှ ဆိုင်ကယ် အရှိန်ကို ပြန်လျှော့လိုက်သည်။

" မင်း ဘာဖြစ်နေတာလဲ ၊ ဆိုင်ကယ်ကိုသတ်မှတ်ထားတဲ့ အရှိန်ထက် ကျော်လွန်ပြီးမောင်းနေတာ မင်းကိုယ်မင်း အသက်နှစ်သက်ပါတဲ့ ကောင်မှန်း ထင်နေတာလဲ "

" ကျုပ်ကို ခင်ဗျားအပါအဝင် ဘယ်သူမှအမိန့်ပေးစရာ မလိုဘူး။ ကျုပ်လုပ်ချင်ရင် လုပ်မယ် အမိန့်ပေးတာတွေ မေးခွန်ထုတ်တာတွေလုပ်စရာမလိုဘူး "

" မင်းကို စိုးရိမ်လွန်းလို့ ထင်မနေနဲ့ ၊ မင်းတစ်ယောက်တည်း မောင်းနေတယ် ထင်မနေနဲ့ အနောက်မှ ငါပါနေသေးတယ် ။ မင်းမကြောက်ပေးမဲ့ ငါကြောက်တယ် ၊ မင်းအရင်က ဘယ်လိုမောင်းမောင်း အခုတော့ ငါက မင်းနောက်မှပါတဲ့ အတွေးလေး ရှိပေး ဟုတ်ပြီးလာ အဲ့ဒါကြောင့် အရှိန်လျှော့မောင်းပေ "

ပြိုင်မျဥ်း၏တစ်ဖက်တစ်ချက်စီသို့(ongoing)Where stories live. Discover now