341 9 1
                                    

သာယာတဲ့နံနက်ခင်းလေးက်ု မသာယာပဲနဲ့ ထလာရတဲ့ လူတစ်ယောက်လည်းရှိသည်။
ရိန်း မနက်စောစောထရတာ အကျင့်ဖြစ်နေတာကြောင့် နိူးလာသည်။ ရိန်း အိပ်ရာပေါ်ကနေ ဆင်းမလို့လုပ်တော့ ညကရ ဒဏ်ရာကို ကြည့်ပြီး ပြုံးမိလိုက်သည်။

" လူကသာ ​စကားပြောရင် ပေါက်လမ်းမတည့်တာ ဒဏ်ရာကို ဆေးထည့်ပေးတာတော့ ဘယ်ဆိုးလို့လဲ "

ညလောက်ကထိ ခြေထောက်က မနာတော့တာကြောင့် ဖြည်းဖြည်းချင်း အရှိန်ယူထလိုက်ပြီး ရေချိုးခန်းထဲဝင်ပြီး ကိုယ်လက်သန့်စင်လိုက်သည်။

" .. ဒေါက်.. ဒေါက် "

" အကိုလေး နိုးပြီလား မနက်စာစားဖို့ သခင်လေးက လာခဲ့ဖို့ ပြောပါတယ် အကိုလေး "

ရိန်း ရေချိုးခန်းထဲကနေ ထွက်တော့ ကြီးခင်ရဲ့ အသံကြားတာကြောင့်

" ဟုတ့ကဲ့ ကြီးခင် ခဏနေ ကျွန်တော် ဆင်းလာခဲ့မယ် "

ရိန်း အရာရာသူသဘောအတိုင်းလုပ်တတ်တဲ့ ဟိုကျက်သတုန်းကို မနက်ခင်းတိုင်း မေတ္တာတရားတွေပို့ရတာလည်း အခါခါ ။

ရိန်း အောက်ထက်ကို ဆင်းလာတော့ ထမင်းစားခန်းမှာ သတင်းစာ ဖတ်နေတဲ့ ကျက်သတုန်း ကိုဝင်လိုက်ပြီးဆိုကတည်းက တွေ့ရပြီး။

ကြီးခင်က သူဘေးမှာရပ်နေတာကနေ ကျွန်တော်ထိုင်ဖို့ ထိုင်ခုံကို ဆွဲထုတ်ပေးနေတာကြောင့်

" ရတယ် ကြီးခင် ကျွန်တော်ဘာသာလုပ်လိုက်မယ် "

ရိန်းလည်း ဟိုကောင်ရဲ့ အနားမထိုင်ချင်တာကြောင့် သူနဲ့ ဝေးတဲ့ခုံမှာထိုင်လိုက်သည်။

နေဥသ္သရ ရိန်းကို စောင့်ရင် သတင်းစာဖတ်နေလိုက်သည်။ သူရောက်လာတာကို သိပေးမဲ့လည်း သတင်းစာက်ုသာ ဆက်ဖတ်နေလိုက်သည်။ ဘေးမှာ မထိုင်ချင်တဲ့လူက ဝေးတဲ့နေရာမှာ ထိုင်နေတယ်သူကိုကြည့်ပြီး..

" .. ဟက်! ကြိုက်သွားပြီ....

ကြီးခင် သိလား ကျွန်တော် မနေ့ညကလေး
အိမ်မက်မက်တယ်...

ဟုတ်လား သခင်လေး ဘာတွေမက်လို့လဲ "

ဒီလို ကြီးခင် ကျွန်တော် မနေ့ညကဗျာ အိမ်ကသားတွေနဲ့ ဆော့ပေးမဲ့ အဖော်ရောက်နေပြီလို့ မက်တယ်  ။

ပြိုင်မျဥ်း၏တစ်ဖက်တစ်ချက်စီသို့(ongoing)Where stories live. Discover now