(၉)

335 13 1
                                    

" ကျုပ်အစည်းအဝေးလုပ်စရာရှိလို့ အပြင်မှာစောင့်နေပေး ဘယ်မှလျှောက်သွားဖို့မကြံနဲ့ "

ရိန်းလည်း ဟိုကောင်ရဲ့ အမိန့်စကားကြောင့် အပြင်မှာသူကို စောင့်နေရတယ်။

အစည်းအဝေးလုပ်နေတဲ့အခန်းထဲမှာ အပ်ကျသံပင်မကြားအောင်တိတ်ဆိတ်နေတဲ့ ။တိတ်ဆိတ်မူကို ဖြိုခွင်းလိုက်တဲ့သူက ဇိုင်းရာပင် ။

" နေဥသ္သရ ငါတို့ထဲမှာ သစ္စာဖောက်ရှိနေပြီး "

စီးကရက်တစ်လိပ်ကို သောက်နေပြီးစားပွဲကို ခြေထောက်တင်ထားပြီး ဇိုင်းရာ ပြောလိုက်တဲ့စကားကို ကြားပြီ လက်ထဲမှ ကျန်နေသေးတယ် စီးကရက်ကို စားပွဲပေါ်ကို ချေလိုက်ပြီး
မီးသတ်လိုက်သည်။

" ငါသိတယ် သူကိုယ်တိုင်ဘယ်အချိန်ဝန်ခံလာမှလဲ စောင့်ကြည့်နေတာ ၊ ဝန်ခံလာရင်တော့ အပြစ်ဒဏ်က သက်သာကောင်းသက်သာလိမ့်မယ်။ ဝန်မခံလာဘူးဆိုရင်တော့ သူမိသားစုကို ထောက်ပံရေးစရိတ်ပေးပြီး သူနာရေးသတင်းကို သူမိသားစုကို ကြိုအကြောင်းထားလိုက် "

" နေဥသ္သရ ငါတို့ပစ္စည်းတွေကို မနက်ဖြန် Europe ကိုပို့ပေးရမယ် "

" ကြာတယ်...ဒီနေ့ညချိန်းလိုက် "

ဒါပေးမဲ့ ငါတို့... နေဥသ္သရရဲ့အကြည့်တွေက ဇိုင်းရာဆီရောက်လာတာကြောင့် ဆက်မပြောတော့ပဲ...  " ဟုတ်ပြီ ငါပြောလိုက်မယ် "

" ဒီနေ့အစည်းအဝေးက လုံလောက်သွားပြီ အကုန်လုံးသွားလို့ရပြီ ၊ ဇိုင်းရာ မင်းနေခဲ့ "

" ဒီနေ့ည သစ္စာဖောက် ဘယ်သူဆိုတာပေါ်လာလိမ့်မယ် ၊ သူအလွယ်တကူဝင်လို့ရအောင် ပစ္စည်းထားတဲ့နေရာကို ဒီတိုင်းထားထားလိုက် ။ နောက်ပြီးတော့ ခြံအလွတ်ထဲမှာ နေကြာရိုင်းပင်တွေ စိုက်ထားပေး "

ရိန်းစောင့်ရတာကြာလာတာကြောင့် Toilet လည်း သွားချင်လာသည်။  ဟိုထဲကကောင်ကလည်း ဘာလုပ်နေတာလဲ မသိဘူး ။သူတပည့်တွေအကုန်ထွက်သွားပြီ သူတစ်ယောက်ပဲ ကျန်တော့တာ အထဲမှာ party များ ကျင်းပနေသလားအောင်မေ့ရတယ် ထွက်ကိုမလာဘူး။

နေဥသ္သရ သိတာပေါ့ အပြင်ကနေ သူကို ကျိန်ဆဲနေမယ်ဆိုတာကို ရိန်းကို စချင်တဲ့စိတ်ပေါ်လာတာကြောင့် အကုန်လုံးထွက်သွားပြီတာတောင် မထွက်သေးပဲ အထဲမှာ ခဏနေပြီးမှ ထွက်ဖို့စဥ်းစာလိုက်သည်။ နေဥသ္သရ ထွက်လာတော့ အရှေ့မှာ ေစာက်တိရာမရဖြစ်နေတဲ့ လူကိုကြည့်ပြီး ရယ်မိလိုက်သည်။

ပြိုင်မျဥ်း၏တစ်ဖက်တစ်ချက်စီသို့(ongoing)Where stories live. Discover now