၁၁

498 16 2
                                    

" ခင်ဗျား ပစ္စည်းတွေထည့်စရာရှိတာ ထည့်တော့
ကျုပ်တို့ နေမဝင်ခင်ပြန်ကြမယ် "

ရိန်းလည်း သိမ်းစရာရှိတဲ့အရာတွေ သိမ်းပြီ ပစ္စည်းတွေကို ကျောပိုးအိတ်ထဲ သေချာထညိ့လိုက်ပြီး လွယ်လိုက်သည်။

" ပြီးပြီဆို သွားမယ် "

ရိန်းတို့ ခြံကနေ စထွက်တော့ကို နာရီက ၂ . ၁၅မိနစ်ဖြစ်နေပြီး ။ နေဥသ္သရက လာနေကြလမ်းအတိုင်းမလာပဲ တခြားဘက်ကို ကွေ့သွားတာကြောင့်

" မင်း ဘယ်သွားနေတာလဲ "
" ဒီဘက်လမ်းက ပိုမြန်လို့.. ခင်ဗျားကလဲ ကျုပ်က မသိရင် ခင်ဗျားကို ရောင်းစာမလိုလိုနဲ့ လူကို မယုံဘူး "

" မင်းရုပ်က ယုံချင်စရာကောင်းတော့ ငါက ယုံရတာပေါ့ "

" ဟ!! ခင်ဗျားက တဂဲ့လူ "

" ခင်ဗျားလို ပုံစံမျိုးကိုရောင်းစာမယ့်အစား ​ပိုပြီးကိတိတယ် ကောင်မလေးတွေပဲရောင်းစာမှပေါ့ "

" မင်း!!! "

" ဘာလဲ... ခင်ဗျား ပြောလို့ ကျုပ်က ပြောတာ "

" တော်ပြီ မင်းနဲ့မပြောဘူး "

" မပြောနေပေါ့! အမောပြေတာပေါ့ မဟုတ်ဘူးလာ "

၁၅မိနစ်လောက် မောင်းပြီတော့ လမ်းကွေ့လေးတစ်ခုထဲကို ကွေ့လိုက်ပြီ လမ်းဘေးတစ်နေရာမှ ဆိုင်ကယ်ရပ်လိုက်သည်။

" ခင်ဗျား ကျုပ်အနောက်လိုက်ခဲ့ "

" မင်းက ဘယ်သွားမှလဲ "

" စကားကို များတယ် " ပြောပြီး ရိန်းရဲ့ လက်ကို ဆွဲပြီး လမ်းကြားလေးတစ်ခုကို ခေါ်သွားသည်။

" မင်းက ငါကို ဘယ်ခေါ်သွားမလို့လဲ "

" ခင်ဗျား သဘောကျလောက်မယ့်နေရာ "

" ဟမ်း!!

၂မိနစ်လောက်လမ်းလျှောက်ပြီးတော့ လူသွားလမ်းတစ်လမ်းစာလောက်ရှိတယ်လမ်းလေးရဲ့ ဘေးဖက်တစ်ချက်စီမှ နေကြာရိုင်းပင်တွေကို စိုက်ထားတာကြောင့် ရိန်းတအံတသြကြည့်နေမိသည်။

" ခင်ဗျား သဘောကျလာ "

" အင်း အရမ်းသဘောကျတယ် "

ပြိုင်မျဥ်း၏တစ်ဖက်တစ်ချက်စီသို့(ongoing)Where stories live. Discover now