412 13 1
                                    

ရိန်း မနက်က စောစောထပြီး ထွက်လာရတာကြောင့် ေလယာဥ်ပေါ်မှာ အ်ပ်ပျော်သွားသည်။

ကိုကို အိပ်ပျော်သွားတာကို ကြည့်ပြီး နေဥသ္သရ ပြုံးမိသည်။ ဘေးက စောင်လေး ယူလိုက်ပြီး ကိုကိုကို့ ခြုံပေးလိုက်သည်။
ကိုကို ခင်ဗျားက နေဥသ္သရဆိုတဲ့ ကျုပ်ရဲ့ အပိုင်ပဲ ။ ဒီစကားကိုတော့ အိပ်ပျော်နေတဲ့ ကောင်လေး မကြားလိုက်ပါ။

၁နာရီလောက် စီးပြီးတော့ သွားတဲ့ ခရီးကို ရောက်လာသည်။ ကိုကိုက မနိုးတော့ဘဲ ချီပြီး ကားထဲကို ချပေးလိုက်သည်။

" ပေါ့ပေါ့လေးပဲ ကိုကိုက "

ခင်ဗျားကို ကိုကိုလို့ခေါ်ခြင်ပေးမယ် ခင်ဗျား မကြိုက်လောက်ဘူးထင်လို့ မခေါ်ခဲ့ပါဘူး
ဒါပေးမဲ့ ခင်ဗျား အိပ်နေတဲ့ အချိန်မှ ကိုကို လို့ခေါ်ပါရစေ ။

ကိုကို ဘယ်လောက်တောင် အိပ်ခြင်နေတာလဲ မသိဘူး ချီတာတောင်မသိတာ မလွယ်ဘူး ခင်ဗျားက ။ တစ်ခုခု လုပ်သွားရင်တောင် သိမဲ့ပုံမပေါ်ဘူး။

ရိန်း မှေးရင် အိပ်ပျော်သွားတာ ဘယ်ရောက်နေပြီးလဲ မသိဘူး။ အိပ်ရတာကြာသွားတာကြောင့် ကျောကလည်း နာနေပြီး။

အီး...

ရင်ခွင်ထဲက လူက လှုပ်လှုပ်ရွရွနဲ့ နိုးလာပြီး ။

ရိန်း လက်ကို ဆန့်ထုတ်လိုက်တာ မာမာကြီးတစ်ခုခုကို ကိုင်မိလိုက်သည်။ ရိန်းမျက်လုံး အရင် မဖွင့်ပဲ စမ်းနေမိသည်။

" ခင်ဗျား နိုးနေရင်လည်း ထတော့ "

ဟင်!! ဟိုကောင်အသံ မျက်လုံး ဖွင့်ကြည့်တော့ ဟိုကောင် ရင်ခွင်ထဲမှာ အိပ်ပျော်နေတာ ။

ခင်ဗျား လူကို သရဲဘီလူး တွေ့သလို ပြူးကြောင်ကြောင် ကြည့်နေအုန်းမှလား " ကျုပ် တစ်လမ်းလုံး ပွေ့ထားရတာ ညောင်းနေပြီး

" မင်းလည်း ဘယ်သူက ပွေ့ခိုင်းလို့လဲ "

အဲ့ကောင်ပေါ်ကနေ ဖယ်လိုက်ပြီး ဘေးမှာ သွားထိုင်နေလိုက်သည်။

" ခင်ဗျားကို လေယာဥ်ပေါ်မှာ ထားခဲ့ရမှာ "

" ထားခဲ့ပေါ့ မင်းဘာသာ အလေးခံပြီး သယ်လာတာလေး "

ပြိုင်မျဥ်း၏တစ်ဖက်တစ်ချက်စီသို့(ongoing)Where stories live. Discover now