part 1

1.6K 69 0
                                    


တိုက်ခန်းတစ်ခါးကို ဖွင့်လိုက်တယ် ဆိုရင်ပဲ အေးစက်တဲ့အငွေ့အသက်က ကျမ ကိုဆီးကြိုနေတယ်

Yeon ဖြေးဖြေးဝင်နော်
ဒီပတ်ဝန်းကျင်နဲ့မရင်နှီးသေးပေမယ့်
မင်းအတွက် အဆင်အပြေဆုံး ဖြစ်အောင် ကိုယ် ကြိုးစားထားတယ်

မောင့်ရဲ့စကားသံတွေကို ကျမ နားထဲမှာ မကြားတစ်ချက် ကြားတစ်ချက် အတွေးတွေပြန့်နေတယ်
အဆင်ပြေအောင် အတတ်နိုင်ဆုံးကြိုးစားတယ်တဲ့လားမောင် မျက်မမြင် မိန်းမတစ်ယောက်အတွက် အိမ်အသစ်ဟာ အဆင်ပြေမယ်တဲ့လားမောင်

စကားတွေမှန်သမျှဟာ အတွေးတွေနဲ့ပဲအဆုံးသတ်ခဲ့တယ် ကျမဟာအရှုံးသမားတစ်ယောက်လို ငြင်းဆန်ဖို့မတတ်တဲ့လူတစ်ယောက်ပဲလေ

မောင့်ရဲ့တွဲခေါ်မှုနဲ့အတူ ကျမအိမ်ထဲကိုဝင်လာမိတယ် လုံးဝကွယ်သွားပြီ မဟုတ်သေးတဲ့ကျမမျက်လုံးရဲ့ထောင့်တစ်နေရာမှာ မောင်နဲ့ကျမအပြင်အခြားတစ်ယောက်ကိုမြင်မိတယ်

မောင် ဘယ်သူ့ကိုခေါ်လာတာလဲ

ဟင် ဘာပြောတာလဲ Yeon ဘယ်သူမှမရှိပါဘူး

ကျမမောင့်အဖြေကြောင့် သေချာ အားစိုက်ကြည့်မိသည် ဘယ်သူမှမမြင်မိပါ ဒါပေမယ့် စောစောကတည်းက ခံစားမိနေတဲ့အငွေ့အသက်တစ်ခုက ရှိနေဆဲပင်

ခဏနေရင် အကူ အဒေါ်ကြီး လာလိမ့်မယ် Yeon

မောင်ကကော ဘယ်သွားမလို့လဲ

ကျမအားကိုးတစ်ကြီးမောင့်လက်ကိုဖမ်းဆွဲထားမိသည် မောင်ရယ် တစ်ရက်လောက် ကျမဘေးမှာ အချိန်မကုန်နိုင်ဘူးလား
စိတ်ထဲမှာပဲပြောဖြစ်တဲ့စကားသာဖြစ်သည်

မောင်က အလုပ်ကိစ္စ ရှိလို့သွားရဦးမယ် Yeon ရဲ့ ခုသွားမှာမဟုတ်ပါဘူး အဒေါ်ကြီး လာမှပါ

စကားပင်မဆုံးခင် မောင့်ရဲ့ဖုန်းသံမြည်လာတယ်

ခဏနော် Yeon ကိုယ်အလုပ်ကိစ္စ စကားပြောဦးမယ်

ကျမကို ဧည့်ခန်းရဲ့ sofa ခုံမှာ ထားကာ မောင်ထွက်သွားခဲ့သည်
ကျမ မသိနိုင်အောင် သူ့လျှို့ဝှက်ချက်တွေကိုဖုံးဖိနေရဦးမည် ကျမကကော ဘာတတ်နိုင်မလဲသိနေပေမယ့် နားလည်နေပေမယ့် စိတ်ဆိုးခွင့်ဒေါသထွက်ခွင့်မရှိဘူးလေ
ကျမအခုလိုမောင့်ဇနီးဆိုတဲ့အမည်ကိုယူထားနိုင်တာကိုပဲမောင့်ကိုကျေးဇူးတင်ပါဟု မောင့်မေမေက ပြောဖူးတယ်
တကယ်လည်းကျမကျေးဇူးတင်ပါတယ်မောင် အတိအလင်းမစွန့်ပစ်သေးတာကိုပဲကျေးဇူးတင်ပါတယ်မောင်

တံခါး ဘဲလ်သံမြည်နေသည် မောင်က ပြန်ထွက်မလာသေးပေ ဘယ်ကိုရောက်နေလည်းမသိပါ

မောင် မောင်ရေတံခါးဘဲလ်မြည်နေတယ် ဘယ်သူလဲမသိဘူး မောင်

မောင့်ရဲ့အသံမကြားပါ မတတ်နိုင်တော့ဘူး ကျမတံခါးဖွင့်ဖို့ဆုံး ဖြတ်လိုက်သည် မသဲမကွဲရိုးတိုးရိတ်တိတ်နဲ့ပဲ ကျမတံခါးဆီကို ဦးတည်လိုက်သည်
အခြေအနေသိပ်မဆိုးပေ ကျမတံခါးနဲ့နီးလာသည်
ဒါပေမယ့် ရုတ်တရက် တစ်စုံတစ်ခု က ကျမခြေထောက်ကို ဖြတ်တိုးသည်

အမေ့ ကျမအော်ရင်း လဲကျသွားသည် သို့သော်တစ်စုံတစ်ယောက်က လှမ်းပွေ့ထားသလိုပင် အဆုံးထိလဲမကျပေ ထိုင်ရက်အနေအထားအဖြစ်နှင့်ပင် ကျမဒဏ်ရာမရလိုက်ပေ

မောင် လား စောစောကဘယ်ရောက်နေတာလဲ ခေါ်နေတာမကြားဘူးလားမောင်ရယ်

Yeon Yeon ဘာဖြစ်တာလဲ

မောင့်ရဲ့ခေါ်သံက ကျမနဲ့လှမ်းနေသည် ဒါဆိုကျမကိုလှမ်းပွေ့တာကဘယ်သူလဲ ရိုးတိုးရိတ်တိတ် ဖြစ်နေသည်နှင့်ပင် ကျမအားယူပြီးကြည့်လိုက်သည် လူတစ်ယောက်သဏ္ဌန်ကို မြင်ရပြီးကြည့်ရင်းနဲ့ပင်ပျောက်ကွယ်သွားသည်

Yeon ဘာဖြစ်သွားသေးလဲ

ဘာမှမဖြစ်ဘူးမောင်

မောင်က ကျမကိုထူပြီးနောက် အခန်းတံခါးကို ဖွင့်လိုက်သည်

အော် အဒေါ်ကြီးလာပြီ Yeon ကိုသွားတော့မယ် အဒေါ်ကြီး ဒါကကျွန်တော့် အမျိုးသမီးပါ Taeyeon လို့ခေါ်တယ်
ကျန်တာကတော့ ကျွန်တော်ပြောပြီးသားပဲ သူ့ကိုသေချာဂရုစိုက်ပါနော်

မောင်ပြောနေသမျှစကားကို ကျမအာရုံမပြုမိ စောစောက ကျမကိုပွေ့ထူသောသူကိုစဉ်းစားမိသည် ဘယ်သူလဲဒါမှမဟုတ်အဲ့ဒါဘာလဲ

Something Only I Can SeeWhere stories live. Discover now