Part 7

509 46 4
                                    

Something Only I Can see
pt7

မနေ့ကမိုးမိသွားတဲ့အရှိန်နဲ့ကျမဖျားနေပြီ မောင်ဖုန်းဆက်တော့ကျမဖျားနေတာကိုမပြောဖြစ်တော့ ပြောလိုက်လည်းကျမအနားကိုရောက်လာမှာမဟုတ်ဘူးလေ တစ်ခါတစ်လေတော့ဝေဒနာဖြစ်စေမယ့်အရာကို အလိုက်တသိနဲ့ရှောင်ဖယ်တာကပိုကောင်းပါတယ်

အဖျားကတစ်ရက် နှစ်ရက်လောက်ကြာရှည်နေခဲ့တယ် လူလည်းနှုံးခွေနေတယ် ဒါပေမယ့် changmin နဲ့တော့ တစ်နေ့ကို ၁ ကြိမ် ၂ ကြိမ်စကားပြောဖြစ်တယ် သူနဲ့စကားပြောတိုင်းကျမဟာ မျက်မမြင်အရှုံးသမားဘဝကိုမေ့သွားမိတယ် အခိုက်အတန့်အားဖြင့်သာဆိုပေမယ့်ကျမပျော်ပါတယ် ကျမဟိုးအရင်ကလိုဟက်ဟက်ပက်ပက်ရယ်မိတာတွေကိုယ့်ကိုကိုယ်လွတ်လပ်ပြီးယုံကြည်မှုအပြည့်ရှိတဲ့မိန်းကလေးတစ်ယောက်ဆိုတဲ့ခံစားချက်တွေ changmin နဲ့စကားပြောတိုင်း ကျမရရှိနေတယ် ဘာပဲဖြစ်ဖြစ်လောကကြီးမှာရှင်သန်နေထိုင်ရတာ အရမ်းတော့မဆိုးဘူးလို့ကျတွေးမိတယ်

၂ ပတ်ပြည့်တဲ့နေ့
မောင်ပြန်မလာသေးဘူးဒါပေမယ့်မမျှော်လင့်တဲ့ဧည့်သည်ကအိမ်ကိုရောက်ချလာပါတယ် အဲ့ဒီဧည့်သည်ကတော့မောင့်မေမေပေါ

မနက်ခင်းအစောပိုင်းမှာတံခါးဘဲလ်သံမြည်လာခဲ့တယ် ကျမရင်ထဲမှာလှိုက်ခနဲဝမ်းသာမိတယ်မောင်ပြန်လာတယ်ထင်လို့

ဘယ်သူနဲ့တွေ့ချင်လို့ပါလဲရှင်

အဒေါ်ကြီးရဲ့မေးခွန်းသံကြောင့်မောင်မဟုတ်တာသေချာသွားခဲ့တယ်

Kim taeyeon နဲ့တွေ့ဖို့လာတာ

အသံကြားရုံနဲ့ပဲကျမလက်တွေအေးစက်သွားတယ် သူမဘာလို့ဒီကိုလာတာလဲ မောင့်ရဲ့မေမေ ဘယ်လိုစကားတွေနဲ့ထပ်နှိပ်စက်မလို့လဲ

အဒေါ်ကြီးအထဲခေါ်လာခဲ့ပါ

ကျမပြောလိုက်တော့ ကျမရှေ့တည့်တည့်ကဆက်တီခုံပေါ်မှာထိုင်လိုက်တဲ့အရိပ်ကိုတွေ့တယ်

မေမေ မတွေ့တာကြာပြီနေကောင်းရဲ့လား

မေမေလို့ခေါ်စရာမလိုတော့ဘူးလေ taeyeon အကြိမ်ကြိမ်ပြောခဲ့ပြီးသားမဟုတ်လား

တင်းမာပြတ်သားနေတဲ့မောင့်အမေရဲ့စကားသံဟာ သံရည်ပူတွေလိုပဲ ကျမနားကနေအဆီအငေါ်မတည့်စွာနဲ့ကျမရဲ့စိတ်နှလုံးသားကိုစတင်လောင်မြိုက်စေတယ်

Something Only I Can SeeWhere stories live. Discover now