ညက မိုးသည်းထားသည့် အရှိန်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ဟာအေးမြနေပါတယ် ညကငိုထားတဲ့ကျမမျက်ခွံတွေဟာလေးလံလွန်နေတယ် မျက်လုံးကိုဖွင့်လိုက်တာနဲ့ မပြတ်မသား ဝိုးတဝါးအလင်းရိပ်တွေက ကျမကိုကြိုဆိုနေတယ်
"နိုးပြီလား "
မေးလိုက်တဲ့အသံ ခပ်တိုးတိုး က လန်းဆန်းမှုအပြည့်
"နိုးပြီ"
ကျမ changmin ကို ပြန်ဖြေလိုက်ရင်းပြုံးပြလိုက်မိတယ်
"ပြုံးပြတယ်ဆိုတော့ စိတ်ကြည်သွားပြီပေါ့"
"အင်း "
သူက ကလေးတစ်ယောက်လိုရွှင်လန်းစွာပြုံးပြတယ် မနက်ခင်းဟာ အေးမြခြင်းအပြည့် လန်းဆန်းခြင်းအပြည့် အားသစ်များအပြည့်နဲ့ပါ
မနက်စာစားချိန်မှာတောင် changmin က ကျမမြင်ကွင်းကပျောက်မသွားပါ အဒေါ်ကြီးရှိနေလို့ သူ့ကိုစကားမပြောမိအောင်ကြိုးစားပေမယ့် သူကကျမမရယ်ရယ်အောင် ဘေးနားကနေရယ်စရာတွေလိုက်ပြောနေပါတယ် ဒါပေမယ့် ကျမမရယ်မိအောင်ထိန်းချုပ်ထားပါတယ်
ခဏနေတော့ အဒေါ်ကြီး အိမ်ရှေ့ဘက်ကိုထွက်သွားပါတယ်
ကျမ အသားကုန် ရယ်ချမိတော့တယ် ဘယ်လောက်တောင်ကြာပြီလဲ ကျမဒီလိုမရယ်တာအိမ်ရှေ့က တံခါးဖွင့်သံတွေကြားနေရပေမယ့် changmin ဆီသာအာရုံက ရောက်နေပါတယ်
"Yeon"
ဘယ်တော့မှမမေ့မယ့်ခေါ်သံတစ်ခု
"ဘာတွေသဘောကျနေတာလဲ"
ကျမရဲ့ပျော်ရွှင်မှုဟာ တစ်ခဏအတွင်းမှာ ဖိစီးမှုတစ်ခုအသွင်ပြောင်းသွားပါတော့တယ်
"ဘာမှမဟုတ်ပါဘူး .........မောင်"
"မနက်စာတောင် စားနေပြီလား"
changmin လည်း ကျမ မြင်ကွင်းကပျောက်သွားသလို
မောင်ကတော့ ကျမဘေးက ခုံမှာဝင်ထိုင်လိုက်ပါတယ်
အနံ့ မောင့်ဆီက ရေမွှေးနံ့တစ်ခုရတယ် အဲ့ဒီရေမွှေးနံ့က မိန်းကလေးသုံးရေမွှေး နံ့ ကျမ မောင့်ဆီကတစ်ခါတစ်လေ ရနေကြ ဖြစ်တဲ့ရေမွှေးနံ့
မောင် ခရီးက ပြန်ရောက်တာလား ဒါမှမဟုတ် ဘယ်သူ့ဆီကများ မျက်စိလည် ကာ ကျမဆီပြန်ရောက်လာတာလဲ
YOU ARE READING
Something Only I Can See
RomanceIntro အမှောင်ထုထဲကို ကျမပြေးသွားနေတယ် ဒါပေမယ့် ကျမလွတ်လပ်ပါတယ် အချုပ်အနှောင်တွေအတားအဆီးတွေ နာကျင်ခဲ့ရသမျှတွေ ကျမဆီမှာမရှိတော့ဘူး ကျမလွတ်လပ်သွားပြီ ကျမလှမ်းနေတဲ့ခြေလှမ်းတိုင်းမှာ မိုးစက်တွေထိခတ်နေတယ် ဟိုးမှာ သူကျမကိုစောင့်နေတယ် ခဏအကြာမှာ ကျမသူနဲ့တွေ့...