part 2

808 63 0
                                    

Something Only I can See
pt 2

မောင် အလုပ်ကိုသွားပြီ အလုပ်လားဒါမှမဟုတ်တစ်ယောက်ယောက်ဆီလား ကျမမစဉ်းစားချင်ဘာ
မျက်မမြင် မိန်းမ တစ်ယောက်ရဲ့ဘဝဟာ ပျင်းဖို့ကောင်းလွန်းတယ် သီချင်းနားထောင်တယ် ထမင်းစားတယ် ရေချိုးတယ်တော်တော်များများကို အဒေါ်ကြီး အကူအညီနဲ့ပင် လုပ်ရပါတယ် ဘယ်တတ်နိုင်မလဲ ကျမမှာရွေး ချယ်စရာမရှိဘူးလေ

ညနေခင်း ဝါရံတာမှာ ထွက်ထိုင်ရင်း လေနုအေး ကို ကျမ ခံစားမိတယ် ထူးခြားတာတစ်ခု က ကျမ ဒီနေ့ အရင်ကလို အထီးကျန်ပြီးတစ်ယောက်တည်းဆိုတဲ့ခံစားချက်မျိုးမရတာပါပဲ
အတွေးတွေက ဟိုလွင့် ဒီလွင့်ရင်း မောင်နဲ့ကျမ စတွေ့တာကို သတိရမိတယ်

သိပ်တော့မထူးခြားပါဘူး choi Siwon ဆိုတဲ့မောင့်ကို ကျမ အိမ်ထောင်ဘက်တွေ့ရင်းနဲ့ သဘောကျမိတာပါ အချစ်ဆိုတာမျက်စိကစတာတဲ့ ဟုတ်ပါရဲ့ အဲ့ဒီစကားက အဲ့ဒီတုန်းကတော့မှန်ခဲ့ပုံပဲ အဲ့ဒီတုန်းက ကျမမျက်လုံးတွေ အကောင်းအတိုင်းပဲရှိသေးတယ်လေ
အခုလို အရှုံးသမား မဟုတ်သေးဘူး တောက်ပတဲ့အနာဂတ်တွေနဲ့ အမြဲသွက် လက်နေတဲ့ ကျမ ဖြစ်ခဲ့ဖူးတယ်

ကျမ အရင်ကမိန်းကလေး သိပ်မဆန်ခဲ့ဘူး သွက် လက် ထက်မြက် ပြီးနေရတာ သဘောကျတယ် ဒါပေမယ့် မောင်က ကျမကို မိန်းမ ပီသစေချင်တယ် အဲ့ဒါကြောင့် ကျမမောင် နဲ့ လက်ထပ်ပြီး ကတည်း က မောင့်သဘောကျ နေ ဖြစ်ခဲ့တယ်
အဲ့ဒီတုန်းက ကျမ ဘဝဟာ မိန်းကလေးတိုင်းအားကျရတဲ့ဘဝပေါ့ အချစ်ငွေကြေး ငယ်ရွယ်မှု အနာဂတ် တကယ်ကိုတောက်ပတဲ့အနာဂတ်ပါ

ကျမတို့ မိသားစုမှာ ဖေဖေရယ် ကိုကို ရယ် ကျမရယ် ဒါပဲရှိတာလေ ကျမတို့မိသားစုလေးက အရမ်း ချစ်ကြတယ် ငယ်ငယ် ကတည်းကမေမေဆုံးသွားလို့ ကိုကိုရော ဖေဖေရော ကျမကိုဂရုစိုက်ကြတယ်
မောင်နဲ့ လက်ထပ်မယ်ဆိုတော့ မောင့် မိဘတွေဆီ ကျမကို ခေါ်သွားခဲ့တယ် မောင့် မိဘတွေက လည်း ကျမကိုသဘောကျခဲ့တယ် အထူးသဖြင့် မောင့်မေမေ အခုအချိန် ပြန်တွေးရင် မောင့်အမေမှဟုတ်ပါရဲ့လားလို့အံ့သြတကြီးဖြစ်ရလောက်အောင် သဘောကောင်လွန်းခဲ့တဲ့ မောင့်အမေအကြောင်းတွေးမိတော့ ကျမ မဲ့ပြုံးပြုံးမိတယ်မောင် ဘာပဲဖြစ်ဖြစ် အခုတော့ အတိတ်တွေမလား

လေနုအေးတွေကနေ မိုးရဲ့အငွေ့အသက်တွေပါလာပါပြီ ကျမ အိမ်ထဲကို ပြန်ဝင်ခဲ့တယ်

မမလေး ညစာစားတော့မလား

ခဏနေမှပဲစားမယ် မောင် ပြန်လာတာစောင့်ဦးမယ်လေ

ဒါပေမယ့် ကျမစိတ်ထဲအလိုလိုသိပြီးသားပါမောင် မောင်ပြန်ရောက်လာတာနောက်ကျမယ် ဒါမှမဟုတ် ပြန်လာချင်မှ ပြန်လာမယ်ဆိုတာ ဒါပေမယ့်ကျမစောင့်နေမိတယ် အကြောင်းပြချက်မရှိဘဲနဲ့ မရေရာတဲ့မျော် လင့်ချက်ကိုဆုပ်ကိုင်ရင်း ကျမစောင့်နေတယ်

မိနစ်တိုင်းက ကုန်ခဲလွန်းတယ် ဒုတိယအကြိမ် အဒေါ်ကြီး ထမင်းစားဖို့လာခေါ်တော့ ကျမမငြင်းတော့ဘူး

တိတ်ဆိတ် ငြိမ်သက်ပြီးအထီးကျန်လွန်းတယ် ထမင်းစားပွဲက တကယ်ခြောက်ကပ်လွန်းတယ်

အိပ်ချိန်ရောက် လာပေမယ့် မောင် ပြန်မရောက်သေးပါ ကျမ အိပ်ရာသို့ဝင်ခဲ့တယ်
စိတ်တွေက မငြိမ်းချမ်းတော့ ကျမအိပ်မပျော်ပါဘူး မောင် ပြန်လာမှာကို မျော်နေမိသေးတယ်

ခဏအကြာမှာတော့ ကျမ အရမ်း ပင်ပန်း ပြီး အိပ်ပျော်သွားတယ်

ကျမ ပြန်နိုးလာခဲ့တယ် အလင်းတစ်စတောင်မရှိတဲ့အခန်းက အမှောင် ပိန်းပိန်းကျနေတယ် ကျမ ကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်ဘူး ကျမ အခန်းရဲ့ထောင့်တစ်နေရာကို သွားတယ် အဲ့ဒီမှာ အသံတစ်ချို့ကြားတယ် မပီပြင်တဲ့ပုံရိပ်က အနည်းငယ်ပီသလာတယ် လူတစ်ယောက် အခန်းထောင့်မှာ သွေးတွေနဲ့ ကျမသွေးပျက်ပြီး အော် လိုက်တယ်

yeon yeon ဘာဖြစ်တာလဲ
မောင့် က ကျမလက်မောင်းနှစ်ဘက်ကို လှုပ်ကိုင်ရင်းမေးတယ်

အိမ်မက်ဆိုး မက်နေတာလား yeon မောင်ရေခတ်ပေးမယ်

ကျမထွက်ခွာဖို့ပြင်တဲ့မောင့်လက်ကိုဖမ်းဆွဲထားမိတယ်

မသွားပါနဲ့မောင် ဒီမှာပဲနေပါ

မောင်ကကျမကို ဖက်ထားသည် မောင့်ဆီက အရက်နံ့ရသည် ပြီးတော့ ရေမွှေးနံ့သင်းသင်းလည်းရနေသည်
အိမ်မက်က လန့်ဖို့ကောင်းပေမယ် နိုးလာလို့လက်တွေ့ရင်ဆိုင်ရတဲ့အရာက ပိုပြီး ကျမ ကို မွန်းကျပ်စေပါတယ် ဒါပေမယ့်ရပါတယ်မောင် ကျမမသိချင်ယောင်ပဲဆောင်နေမှာပါ ဘာပဲဖြစ်ဖြစ် ကျမ မောင့်ကို လိုအပ်တယ်လေ ဒီ့အတွက်ကြောင့် ကျမအရာရာကို သည်းခံနိုင်ပါတယ်မောင်

Something Only I Can SeeWhere stories live. Discover now