part 4

534 51 0
                                    

Something Only I can See

pt4

ညကပင်ပန်းလွန်းတော့ကျမ အိပ်ပျော်သွားသည် အခုမနက်နိုးလာတော့ တစ်စုံတစ်ခုရဲ့တည်ရှိမှုဟာမှိန်ဖျော့နေတယ် ကျမခုမှပဲအသက်ရှူချောင်တော့တယ် ကျမသွေးလေခြောက်ခြားပြီးလန့်နေတာဖြစ်မယ် အိမ်အသစ်နဲ့ အသားမကျ သေးလို့လဲဖြစ်နိုင်တယ်

နေ့လည်ခင်းဘက် အဒေါ်ကြီးက အခန်းရှင်းပေးရင်းနဲ့ကျမနဲ့အဖော်လုပ်ပေးစကားပြောပေးတယ်

မမလေးတို့မင်္ဂလာဆောင်ပုံတွေကတကယ်လှတယ်နော် တော်တော်ပျော်ကြမှာပဲ

ဟုတ်တယ် ပုံတွေကြည့်ချင်သေးလား တကယ်လို့ကြည့်ချင်သေးတယ်ဆို အံဆွဲအောက်ဖက်မှာရှာကြည့်လေ အရင်အိမ်တုန်းကတော့ကျမ photo alblum ကို အဲ့ဒီမှာ သိမ်းတယ် မောင့်ကို ကျမပစ္စ ည်းတွေနေရာတကျပဲပြန်စီပေးဖို့ပြောထားတာဆိုတော့ အဲ့ဒီမှာရှိလောက်တယ်

ဟုတ်
အင်း ဒီမှာတွေ့ပြီ
အို မမလေးက အရမ်းလှတာပဲ အကိုလေးရောပဲ ဒါနဲ့မင်္ဂလာ ပန်းစည်းရသွားတာကကောင်လေးတစ်ယောက်လား

အင်း ကျမအစ်ကိုလေ

အဒေါ်ကြီးဓါတ်ပုံတွေကြည့်နေတုန်း ကျမတို့မင်္ဂ လာဆောင်အကြောင်းလေး ပြန်တွေးမိတယ် မင်္ဂ လာဆောင်ဝတ်စုံကအစမောင့်မေမေကရွေးပေးပါတယ် ကျမ သိပ်သဘောမကျပေမယ့် ကျမဟာအမေမရှိသူဆိုတော့ မောင့်မေမေက ကျမမေမေပဲလို့ကျမသတ်မှတ်ထတယ်လေ အရာအားလုံးမောင့်မေမေ သဘောကျ မင်္ဂ လာဆောင် ကိုစီစဉ်ခဲ့တယ်

မင်္ဂလာမဆောင်ခင် မှာပဲမောင့်မိဘတွေနဲ့ ကျမတို့မိသားစု အကျိုးတူ စီးပွားရေး လည်း ပူးပေါင်းလုပ်ဖြစ်တယ်
ဘာပဲဖြစ်ဖြစ် အစစအရာရာက ငြင်းစရာမရှိအောင်အဆင်ပြေနေတယ်လေ ကျမအကိုနဲ့မောင်နဲ့လည်း သူငယ်ချင်းအရင်းလို ခင်မင်သွားကြတယ် ကျမဘဝရဲ့တောက်ပတဲ့နေ့ရက်တွေပေါ့

မင်္ဂလာဆောင်တဲ့နေ့ကတော့ ဘဝရဲ့အပျော်ဆုံးနေ့ပါပဲ ကျမတို့မိသားစုနှစ်ခုပေါင်းစည်းတဲ့ပွဲပေါ့
သင်းအုပ်ဆရာက ကျမတို့ကို မင်္ဂလာသစ္စာ ကတိစကားရွတ်ဆိုခိုင်းတဲ့အချိန် I do လို့ကျမတို့ကတိသစ္စာ ပြုလိုက်တဲ့အချိန် ပြီးတော့ ကျမတို့တစ်ယောက်ကိုတစ်ယောက်လက်စွပ်ဝတ်ပေးကြတဲ့အချိန် ကျမဘဝရဲ့အကောင်းဆုံးသောအမှတ်တရတွေ
ပြီးတော့ လူတွေအားလုံးရှေ့မှာ မောင်ကျမကိုနမ်းတဲ့အခိုက်အတံ့
မောင်ရယ်ကျမဘယ်လိုမေ့နိုင်ပါ့မလဲ
မင်္ဂလာ ပန်းစည်း ပစ်ပေးတဲ့အခါ ရည်းစားတောင်မရှိတဲ့ကိုကို့ကပန်းစည်းရလို့ကျမတို့တွေဝိုင်းရယ်ကျတဲ့အချိန် ခုချိန် ပြန်တွေးရင် အိမ်မက်တစ်ခုပဲ ကျမ အတိတ်ကိုတွေးတိုင်းပျော်မိတယ်မောင် အဲ့ဒီအချိန်တုန်းက အခုလိုဘဝကိုကျမအိမ်မက်ဆိုးအဖြစ်တောင်မမက်ခဲ့ဘူး ခုတော့ ကျမဘဝအရမ်းကိုကြောက်စရာကောင်းနေပြီ

မမလေး ဘာဖြစ်လို့လဲ မျက်ရည်တွေနဲ့

ဘာမှမဖြစ်ပါဘူး အတွေးတွေလွန်နေလို့ပါ

နေ့လယ်ခင်းဘက် ကျမကြောင်လေးနဲ့ radio ကိုနားထောင်နေတုန်းပေါ့ အဒေါ်ကြီးကဈေးသွားဝယ်တယ်လေ အိမ်တစ်ခုလုံးဟာ radio အသံကလွဲဘာမှမကြားရဘူး
ရုတ်တရက် radio အသံပိတ်သွားတယ် ကြောင်ကလေးလည်းကျမလက်ကထွက်ပြေးသွားတယ် အေးစက်စက်အငွေ့အသက်နဲ့တစ်စုံတစ်ခုကျမနားတိုးကပ်လာတယ် အဲ့ဒီအချိန်ကျမ လက်တစ်ချောင်းတောင် မလှုပ်ရဲခဲ့ဘူး အသက်ရှူသံကိုပုံမှန်အောင်ကျမ မနည်းကြိုးစားနေရတယ် တကယ်ဆိုကျမအရမ်းကြောက်နေပါတယ် အသံထွက်ဖို့လည်းမဝံ့မရဲဖြစ်မိတယ်
တကယ်လို့ကျမအော်ခေါ်ခဲ့ရင်တောင် ဘယ်သူက ကျမအနားလာကယ်မှာလဲ

လက်တစ်ဖက်က ကျမမျက်နှာရှေ့ရောက်လာတယ် သူ့လက်တွေကို ခါရမ်းနေတယ် ပြီးတော့အဝေးကပြောနေတဲ့အသံတစ်ခု
သူငါ့ကိုမြင်တာလား မမြင်တာလား
ကျမ အသံကုန်အောင်အော်ချင်မိပါတယ်
ဒါပေမယ့်အသံကထွက်မလာဘူး
ပြီးတော့ကျမ မြင်ကွင်းထဲကောင်လေးတစ်ယောက်ရောက်လာတယ် ထူးခြားတာက သူ့မျက်နှာကို ကျမရှင်းရှင်းလင်းလင်းမြင်နေရတာပဲ

ဟုတ်တယ် မြင်ရတယ်

ယောင်နနနဲ့ထွက်သွားတဲ့ကျမစကားသံဟာ အခန်းအတွင်းမှာဟိန်းနေပါတယ်

မြင်ရတယ်ဟုတ်လား ခင်ဗျားကျွန်တော့်ကိုမြင်ရတယ် ဟဟပျော်လိုက်တာ

အဲ့ဒီကောင်လေး ခုန်ပေါက်နေတယ်ကျမရှေ့မှာ ဖြစ်နေတဲ့အဖြစ်အပျက်က သိပ်မြန်ဆန်လွန်းလို့ ကျမ ဘာဆိုဘာမှ မပြောနိုင်ဘူး ဘာတွေဖြစ်နေတာလည်း ဆိုတာကျမလိုက်မမီဘူး

ရုတ်တရက် တံခါးဖွင့်သံကြားလိုက်တယ် အသံလာတဲ့ဘက်ကျမခေါင်းလှည့်ပြီးရှေ့တည့်တည့်ကိုပြန်ကြည့်တော့ ဟိုကောင်လေးမရှိတော့ဘူး radio သံ ပြန်ကြားရတယ် ကြောင်ကလေးက ကျမခြေထောက်ကို လာတိုးတယ်

မမလေး ချွေးတွေပြန်နေတာလား ဒီလောက်အေးနေတာကို

အဒေါ်ကြီး ကျမကိုရေအေးတာလေးတစ်ခွက်ပေးပါ အေးတာလေးတစ်ခွက်လောက်

ခုမှပဲကျမ အသက်ရှူနိုင်တော့တယ်
ဘာတွေဖြစ်နေတာလဲ အဲ့ဒါကဘာတွေလဲ ဘာကိုကျမမြင်ရတာလဲ ကျမ နားမလည်နိုင်တော့ပါ

Something Only I Can SeeWhere stories live. Discover now