Part 10

455 42 9
                                    

တချို့သောအရာတွေက ပြောင်းလဲဖို့ကြိုးစားပေမယ့်အရာမထင်တော့ဘူးဆိုတာ ကျမမောင့်ကိုသိစေချင်ပါတယ် မောင်ကျမတို့အိမ်ထောင်ရေးကိုထိန်းသိမ်းဖို့ တကယ်ကိုကြိုးစားနေပါတယ် ကျမဘေးမှအချိန်ပြည့်နေနိုင်အောင်သူကြိုးစားနေတယ် ဒါပေမယ့် ခံစားချက်တွေကတော့ရှင်သန်မလာတော့ပါ မောင်ယုယကြင်နာနေပေမယ့် မောင့်ရဲ့ကြင်နာမှုတွေက လမ်းခွဲဖို့ဆုံးဖြတ်ခဲ့တာမှန်တယ်ဆိုတဲ့အတွေးတွေကိုသာပေါ်ပေါက်စေပါတယ်

မိုးခပ်ဖွဲဖွဲလေးရွာနေလို့ ရာသီဥတုက အေးစိမ့်စိမ့်ပါပဲ ကျမစောစောအိပ်ရာဝင်ခဲ့တယ် မောင် အချိန်တိုင်းလိုလို ကျမဘေးနေပေးနေတာကြောင့် ကျမ Changmin နဲ့တောင်စကားမပြောဖြစ်ပါဘူး ကျမအိပ်ရာထဲရောက်တာနဲ့ခဏဆိုတာနဲ့ မောင်ကျမအနားရောက်လာပါတယ် မောင်နဲ့ကျမကွာရှင်းဖို့ပြောပြီးကတည်းက မောင်နဲ့ကျမ အခန်းခွဲအိပ်ဖြစ်ကြတယ် အခုမောင် ကျမအခန်းထဲကိုဝင်လာတော့ ကျမနည်းနည်းအံ့သြသွားပေမယ့် မသိချင်ယောင်ဆောင်ပြီး ကျမအိပ်နေလိုက်တယ်

"Yeon အိပ်နေပြီလား"

"....................."

မောင်ကကျမ ဆံပင်တွေကိုပွတ်သပ်လိုက်ရင်းနဲ့

"မောင် Yeon နဲ့ လမ်းမခွဲချင်ဘူး Yeon မောင်မှားခဲ့တာမောင်သိပါတယ် အခုမောင်ပြောင်းလဲဖို့ကြိုးစားနေတယ် မောင့်အပေါ် Yeon ပြန်လက်ခံပေးဖို့စိတ်ကူးမရှိတော့ဘူးလား
Yeon နဲ့ မောင်နဲ့ဆက်ဆံရေးဟာ ဘယ်လောက်အေးစက်နေခဲ့လည်းဆိုတာမောင်သိပါတယ် မောင်လည်းမှားနေခဲ့တယ် Car Accident ဖြစ်ပြီးကတည်းက Yeon ပုံစံတွေဘယ်လောက်ပြောင်းလဲသွားလဲ Yeon အရင်ကလိုမတက်ကြွတော့ဘူး အရင်ကလို မောင် တစ်ခုခု အမှားလုပ်တာနဲ့ ခပ်ဆတ်ဆတ်ပြန်မပြောတော့ဘူး မောင် Yeon အပေါ်မှာ ဂရုစိုက်သည် ဖြစ်စေ ဂရုမစိုက်သည် ဖြစ်စေ Yeon ဘက်က မောင့်အပေါ်တုံ့ပြန်မှုမရှိဘူး ......Yeon အရမ်းထိခိုက်နေတာကို မောင်ဘယ်လို လုပ်ပေးရမယ်ဆိုတာမသိဘူး ........."

မောင့်စကားသံတွေက လိမ်ညာမှုမပါဘူးဆိုတာကျမခံစားမိနေတယ်

"Yeon သိရဲ့လားမောင်လည်း တကယ်ထိခိုက်ခံစားရပါတယ် ......Yeon လောက်ဆုံးရှုံးမှုမများခဲ့ပေမယ့်မောင်လည်း မောင့်သွေးသားရော မောင့်ဇနီးရော မောင်ဆုံးရှုံးလိုက်ရတယ် ............မောင် အပြင်က နေ ဘယ်လောက် ညဥ့်နက်နက် Yeon က လစ်လျူရှုနေတဲ့အခါ မောင့်ဆီက နေYeon ဘာတစ်ခုမှမတောင်းဆိုတော့တဲ့အခါ မောင်လည်းအထီးကျန်တယ် Yeon မောင်တကယ်ကိုအထီးကျန်နေခဲ့တာ ဒါပေမယ့် မနေ့က Yeonပေါက်ကွဲပြီး လမ်းခွဲဖို့အပြောမှာ မောင် သတိဝင်လာတယ် Yeon .........မောင် Yeon ကိုလက်မလွှတ်နိုင်ဘူး မောင် တို့ အချစ်တွေကိုလည်းမရပ်တန့်လိုက်နိုင်ဘူး Yeon က မောင့်ကိုချုပ်နှောင်ထားတာမဟုတ်ပါဘူး Yeon မောင်က Yeon ကိုဖက်တွယ်ထားတာပါ မောင့်ကိုလက်မလွှတ်လိုက်ပါနဲ့........."

Something Only I Can SeeDove le storie prendono vita. Scoprilo ora