part 5

505 47 0
                                    

Something only I can see
pt5

အဒေါ်ကြီးအိမ်ပြန်ရောက်လာကတည်း
တစ်စုံတစ်ခုကိုမခံစားမိပြန်တော့ဘူး ကျမ ရူးချင်လာပြီ

ဒီလိုနဲ့ညဘက်အိပ်ချိန်ရောက်လာတယ်

အဒေါ်ကြီးအခန်းထဲကထွက်သွားပြီ
ကျမကတော့တစ်စုံတစ်ခုကိုစောင့်နေမိတယ် ဘာလို့လဲ ဘာလို့စောင့်နေမိတာလဲ ကျမထပ်တွေ့ချင်တယ်အဲ့ဒီကောင်လေးဟာ ဒီနှစ်နှစ်အချိန်အတွင်းမှာပထမဆုံး ကျမပြတ်ပြတ်သားသာမြင်ရတဲ့အရာ ဟုတ်တယ် ကျမတွေ့ချင်မိတယ်

နာရီလက်တံက ကျယ်လောက်လွန်းတယ် ခဏအကြာမှာ အေးစက်မှုကိုကျမစပြီးခံစားမိတယ် ပြုံးမိတယ် ကျမသိမသာလေးပျော်မိတယ်
အခန်းမီးပွင့်သွားတယ်

အိပ်ပြီလား

တိုးတိုးလျလျ မေးသံကြားရတယ် ကျမမကြောက်တော့ဘူးလို့ထင်ပေမယ့်
နည်းနည်းတော့ထိတ်လန့်မိတယ် ဒါပေမယ့်ဘာပဲဖြစ်ဖြစ်ရင်ဆိုင်ရမယ်လေ

မအိပ်သေးဘူး

ကျမမေးခွန်းကိုပြန်ဖြေပြီးတာနဲ့ အိပ်ရာပေါ်ကထလိုက်တယ် အခန်းမီးအလင်းရောင်အောက်မှာ အရာရာကမသဲမကွဲ

ဒီမှာလေ ကျွန်တော့်ကိုတွေ့လား

အသံကြားတဲ့ဘက်ကို လှည့်ကြည့်တော့ အခန်းထဲက ခုံတစ်ခုပေါ်မှာ ထိုင်နေတဲ့သူ့ကို အရိပ်လို မြင်တယ် သေချာ အားစိုက်ကြည့်တော့ သူ့ကိုပဲထင်ရှားပြီးကျန်တာတွေက မှိန်ဖျော့နေတယ်

တွေ့တယ် နင်ကဘယ်သူလဲ ဘာလဲ ဘာလို့ဒီကိုရောက်နေတာလဲ

ဟိုးဟိုး သိချင်စိတ်တွေက များလှချည်လား အရင်ဆုံး တစ်ခုပြောမယ် ခင်ဗျားကျွန်တော့်ကို မြင်တယ်ပြောတော့ ဝမ်းသာတယ် ပြောရမယ်ဆို အခုအခြေအနေကိုရောက်ပြီးကတည်းက သက်ရှိတစ်ယောက်လို ခံစားမိတာ ဒါပထမဆုံးပဲ ဘယ်သူလဲဆိုတော့ ကျွန်တော်က Shim Changmin အရင်ကဒီအိမ်ပိုင်ဖူးတယ်ပေါ့လေ ဘာလဲဆိုတာကတော့ ခင်ဗျားသဘောပေါက်မှာပါ လူမဟုတ်မှန်းတော့ ခင်ဗျားလည်းသိပြီးသားပဲကို ဘာကြောင့်ဒီမှာရှိနေတာလဲတော့ မမေးနဲ့ကျွန်တော်မသိဘူး

သူ့အဖြေတွေနဲ့ သူပုံကိုတအံ့တသြကျမငေးကြည့်မိတယ် ကျမထက်ငယ်တဲ့ပုံပဲ ဆံပင်ဘေးခွဲကိုခပ်လျားလျားနဲ့ တီရှပ်အဖြူပေါ်မှာ ဂျင်း အကျီင်္ လက်ရှည်ကို လက်ခေါက်ပြီးဝတ်ထားတဲ့သူ့ပုံက ပေါ့ပါးသွက်လက်မှုအပြည့်နဲ့
သူ့ကို မြင်ရတာကျမစိတ်ပါပေါ့ပါးတယ်

Something Only I Can SeeWhere stories live. Discover now