Part 11

414 40 4
                                    

"UNNIE........."

ကျမမနှစ်သက်တဲ့သူမရဲ့အသံ မုန်းလိုက်တာလို့ကျမပြောချင်ပေမယ့် အခုအချိန်မှာတော့ သူမနဲ့ကျမကြားမှာ အမုန်းမီးတောက်တွေရှိမနေတော့ဘူးလို့ထင်လို့ ကျမရပ်စောင့်နေမိတယ်

"မတွေ့တာကြာပြီနော် unnie ........."

"Sulli လား........."

သူမက နှုတ်ဆက်ပြီးကျမလက်ကိုဆွဲကိုင်လိုက်ပါတယ် သူများအမြင်အရဆို ကျမနဲ့သူမဟာ သိပ်ကိုသင့်မြတ်နေတဲ့သူနှစ်ဦးလို့ထင်ချင်စရာပါပဲ
ကျမသူ့ကိုမကြိုက်တာကလည်း အဲ့လိုဟန်ဆောင်မှုတွေပါပဲ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး ပါ

"ဟုတ်တယ် Unnie ဘာလဲ Sulli အသံကိုတောင်မမှတ်မိတော့ဘူးလား......"

သူမ အနားကပ်လာချိန်မှာ သူမဆီကရတဲ့ရေမွှေးနံ့ ကျမ စိတ်ထိတ်ခနဲဖြစ်သွားမိတယ် ဒါပေမယ့် မဖြစ်နိုင်ပါဘူးလို့ခေါငိးကိုခါရမ်းလိုက်တယ်
တကယ်ပဲစိတ်ထဲထင့် စရာကောင်းလောက်အောင် သူမရေမွှေးနံ့ နဲ့ မောင့်ဆီမှာ မကြာမကြာပါလာတတ်တဲ့ရေမွှေးနံ့ က တူနေတာပါ ဒါပေမယ့် ရေမွှေးဆိုတာ တစ်ဘူးတည်းရှိတာမှမဟုတ်တာ

"မှတ်မိပါတယ် ရုတ်တရက်မို့ပါ "

"unnie ......Oppa ဆီသွားသေးလား Suli တော့ လွန်ခဲ့တဲ့အပတ်ကရောက်ဖြစ်တယ် unnie လည်း မကြာမကြာသွားသင့်တယ် "

စိတ်ကိုထိန်းထားလိုက်ပါတယ် သူက ဟိုအပတ်က ရောက်သေးတယ်တဲ့လား တကယ်ဆို သူက ကိုကို့အနားမှာအမြဲရှိနေသင့်တာ မိသားစုတစ်ခုလုံးနဲ့တိုက်ခိုက်ပြီးသူမကိုရွေးခဲ့တဲ့ ကျမအကို ......

"အမ က အခုဒုက္ခိတ ဖြစ်နေပြီလေ Suli အချိန်တိုင်း oppa အနားမလာနိုင်တော့ဘူး တစ်ယောက်ယောက်အကူအညီပါမှလာနိုင်တာပါ "

"အင်း Suli သိပါတယ် unnie လေသံကိုကြည့်ရတာ သိပ်အားပျော့တာပဲ အရင်က Kim Taeyeon မဟုတ်တော့သလိုပဲ"

"တကယ်လည်း အရင်ကလိုမှမဟုတ်တော့တာ Suli ကဲ ပြန်ဦးမယ်နော် "

"နေပါဦး unnie ရဲ့ ပြန်တော့မလို့လား မတွေ့တာကြာနေတာ Suli နဲ့စကားတောင်စိပ်မပြောသလိုပဲ"

"မဟုတ်ပါဘူး Suli အပြင်မှာ သိပါအကြာကြီးမနေချင်လို့ပါ Suli စကားပြောချင်ရင် အမ အိမ်လာလည်လေ "

Something Only I Can SeeWhere stories live. Discover now