part 6

482 45 0
                                    

Something Only I can see
pt6

၁ ပတ် ပြည့်ပြီ ကျမတစ်ယောက်တည်းမြင်ရတဲ့ changmin ဆိုတဲ့ အရာတစ်ခုနဲ့ စကားပြောဖြစ်တာ တစ်ပတ်ရှိပြီ
အထီးကျန်ခြင်းတွေတော့လျော့ပါတယ် တစ်ခါတစ်လေတော့သူရုတ်တရက်ရှေ့ကိုရောက်လာတာ နည်းနည်းလန့်မိပေမယ့် နေလည်ခင်းဘက် တွေ ညနေဘက်တွေ ဆို ကျမအနားမှာသူလာလာစကားပြောတယ် စိတ်သက်သာရာရတယ်ပြောရမလား ကျမရဲ့မွန်းကျပ်မှုတွေကိုကျမမေ့မေ့လျော့လျော့ပါပဲ

ဒီနေ့နေ့လည်ခင်းလည်း အဒေါ်ကြီးဈေးသွားနေတယ် ကျမတစ်ယောက်တည်းပဲ ဒါပေမယ့် ခဏနေသူရောက်လာမှာပါပဲ

ဟိတ် ဝါရံတာဘက်သွားမယ်လေ အိမ်ထဲမှာမမွန်းကျပ်ဘူလား

အင်းသွားမယ်လေ

သူလက်ကိုဆွဲလာတဲ့အတိုင်းကျမဝါရံတာဘက်ကိုထွက်လိုက်တာနဲ့ လေနုအေးကဆီးကြိုနေခဲ့တယ်

ပန်းနံ့ ခပ်သင်းသင်းလည်းလေထဲမှာရောယှက်နေတယ်
ဝါရံတာမှာ ပန်းတွေစိုက်ထားတာလား

အင်းဟုတ်တယ်လေ ဟိုးအရင်ကတည်းကဒီမှာစိုက်ထားတာ

နင်ကဒီမှာရှိနေခဲ့တာကြာပြီလား

အင်းကြာပြီ

ဒါဆိုနင်သေသွားတာကကော

အဲ့ဒီအကြောင်းတွေပြန်မမေးပါနဲ့လား

သူပြန်မဖြေချင်ဖူးဆိုတဲ့အသိနဲ့ကျမနှုတ်ဆိတ်နေခဲ့တယ်

ဘာလို့တိတ်သွားတာလဲ

ဘာမှမဟုတ်ပါဘူး ပြောစရာစကားရုတ်တရက်စဉ်းစားမရလို့

ဒါဆိုနင်ကကော ဘာလို့မျက်စိမမြင်တော့တာလဲ

ငါလည်းမဖြေချင်သေးဘူး ရတယ်မလား

အင်းနင်မဖြေချင်ဘူးဆို ငါအတင်းမမေးဘူး ငါတို့သိတာမကြာသေးဘူးလေ နောက်ပြောပြချင်လာတဲ့အခါပြောပြပေါ့ ငါလည်းတစ်နေ့တော့ နင်သိချင်တဲ့အကြောင်းပြောပြမယ်လေ

အင်း လေထဲမှာမိုးနံ့ရတယ် မိုးရွာတော့မယ်ထင်တယ်

အင်း အထဲဝင်တော့မလား

ဟင့်အင်းမဝင်ချင်ဘူး

မဝင်ရင်မိုးတွေစိုကုန်မှာပေါ့ ငါလိုသရဲကဘာမှမဖြစ်ဘူး နင်သာဖျားမှာ လူကဖြူဖပ်ဖြူရော် စားတော့သောက်တော့ကြောင်စာ ညဘက်လည်းတော်တော်နဲ့မအိပ် အအေးမိလို့ကတော့ အိပ်ရာထဲလဲမှာ

Something Only I Can SeeWhere stories live. Discover now