Part 13

460 47 6
                                    

ကျမ မျက်လုံးမှိတ်ချလိုက်တယ် ပါးပြင်ပေါ်က ပူးနွေးစိုစွတ်သောမျက်ရည်တွေ ကျမအားတင်းထားဖို့မတတ်နိုင်တော့ဘူး ကျမဆုံးရှုံးမှုတွေအများကြီးကြုံခဲ့လို့ ကျမမှာနောက်ထပ်ဆုံးရှုံးစရာမရှိတော့ဘူးလို့ထင်ခဲ့တယ် အခုတော့လည်း ထပ်ပြီးဆုံးရှုံးပြန်တာပဲ

"Yeon အဝတ်အစားလဲတော့လေ ခဏနေ ဧည့်သည်တွေလာတော့မှာ "

မောင်က ကျမကိုနာရေးဝတ်စုံလဲဖို့ပြောနေတယ် ကျမ တကယ်ကို အင်အားမရှိပါ ကျမတကယ်ကို ဘာမှမလုပ်ချင်ပါ
ဂါဝန်အနက်တထည်ကို ကျမဝတ်လိုတယ် မသေမသပ်ကျမဆံပင်တွေကို ဖဲကြိုးဖြူတစ်ခုနဲ့စုစည်းလိုက်ရင်း ကျမ မတ်တပ်ရပ်ဖို့ကြိုးစားတယ် ဝေဝါးနေတဲ့ အမြင်အာရုံတွေကြားမှာ ကျမ အရုပ်ကြိုးပြတ်လဲကျချင်နေတယ်

ကိုကို့ဈာပနကို လာကြသူတွေတော်တော်များပါတယ် ကျမဘေးမှာမောင်ရယ် အဒေါ်ကြီးရယ် အတူ ရှိနေတယ် လာသမျှ ဧည့်သည်တွေကျမကိုသနားစရာ သတ္တဝါ အနေနဲ့ကြည့်မယ်ဆိုတာ ကျမမမြင်ရပေမယ့် ခန့်မှန်းမိပါတယ် ဒီလိုဆိုတော့လည်းမျက်စိမမြင်တာအကောင်းသားပါလားလေ

ခဏလောက်နေတော့ မောင်ကျမဘေးကထွက်သွားပါတယ်
ဘာစကားတစ်ခွန်းမှမပြောပဲထွက်သွားပုံအရဆိုအရေးကြီးတဲ့တစ်ယောက်ယောက်လာလို့လား ကိစ္စတစ်ခုခု ရှိလို့လား
"အဒေါ်ကြီး မောင် ဘယ်ကိုထွက်သွားတာလဲ"

"Sulli မိန်းကလေး နဲ့စကားပြောနေတယ် ပြီးတော့ ဟိုဘက်ကိုထွက်သွားတယ် "

ကျမရင်ထဲမှာ ထိတ်လန့်မိတယ် မောင်နဲ့ sulli ကြားဘာပြောစရာတွေရှိနေသလဲ

"အဒေါ်ကြီးသူတို့ထွက်သွားတဲ့ဘက်ကို ကျမကိုလိုက်ပို့ပေးပါ "

အဒေါ်ကြီးနဲ့ကျမ လျှောက်လမ်းအတိုင်း လျှောက်လာတယ် မောင့်အသံခပ်တိုးတိုးကို နားပါးတဲ့ကျမအရင်ကြားမိတာနဲ့

"အဒေါ်ကြီး Yeon အတွက် သောက်စရာတစ်ခုခုယူပေးပါ Yeon အရမ်းရေငတ်နေလို့ Yeon ဒီကပဲစောင့်နေမယ်"

ကျမစကားဆုံးတာနဲ့ အဒေါ်ကြီးကကျမဘေးကထွက်သွားပါတယ်
ကျမ ခြေထောက်တွေကိုတစ်လှမ်ချင်းရှေ့တိုးလိုက်တယ် နံရံကို ကိုင်ထားရင်း ကျမခြေလှမ်းတွေကို ညင်သာစွာလှမ်းလိုက်တယ် ကျမမောင့်အသံကိုသဲသဲကွဲကွဲစကြားရပါပြီ

Something Only I Can SeeWhere stories live. Discover now