Part 8

437 46 4
                                    


အခန်းကမှောင်မိုက်နေသည်
တိတ်ဆိတ်လွန်းလှသည်
အပြင်က မိုးရွာသံကြောင့် အခန်းအတွင်းကအသံတွေကိုဖုံးနေတာလည်းဖြစ်နိုင်သည်

ကျမအခန်းထောင့်စွန်းမှာထိုင်နေတယ် အတွေးစတို့က ပြန့်ကျဲနေသည် တကယ်ဆို ကျမ ငိုချင်နေတယ်
ဒါပေမယ့် မငိုဖို့အားတင်းမိသည်
အကြိမ်ကြိမ်သည်းသည်းမဲမဲငိုခဲ့သည့်တိုင်အောင် ကျမရင်ထဲမှာ သက်သာမလာပါ မသက်သာမယ့်အတူတူ မငိုဖြစ်တော့

ဘေးနားမှာ changmin ရှိနေတယ် သူလည်းတိတ်ဆိတ်နေတယ် ကျမကိုဘာစကားတစ်ခွန်းမှမပြောပါ

"changmin shi ...."

ကျမရဲ့ခေါ်လိုက်သောအသံသည်ခြောက်သွေ့ကွဲအက်စွာထွက်လာတယ်changmin ကျမကိုလှည့်ကြည့်လိုက်တယ်

"အစွန့်ပစ်ခံရတယ်ဆိုတဲ့ခံစားချက်မျိုးခံစားဖူးလား
ဘာမှမလုပ်ချင်တော့လောက်အောင် အသက်ဆက်ရှင်ဖို့အင်အားမရှိတော့လောက်အောင် ကိုယ့်ဘဝဟာ အမှိုက်တစ်စ လိုပါလားလို့တွေးမိလောက်အောင် အစွန့်ပစ်ခံဘူးလား"

"အင်း ခံရဖူးတယ်"

"ဘယ်လိုရင်ဆိုင်ခဲ့လဲ"

"ငါရင်မဆိုင်ခဲ့ဘူး"

သူ့အဖြေကြောင့်ကျမသူ့ကိုလှည့်ကြည့်မိတယ်

"ငါရှောင်ပြေးတယ်လေ အဲ့ဒါကြောင့်"

"ရပြီဆက်မပြောနဲ့မသိချင်တော့ဘူး"

"နင့်ကိုတော့ရင်ဆိုင်စေချင်တယ် နင့်ဘဝမှာ ဘာတွေဖြစ်နေတယ် ဆိုတာ သေချာမသိပေမယ့် ငါ့လိုရှောင်ပြေးလာတာမျိုးမဖြစ်စေချင်ဘူးအရှုံးမပေးစေချင်ဘူး"

"ငါအားတင်းပြီးနေခဲ့တာပဲ ဘယ်အချိန်အထိ ဆက်အားတင်းရဦးမလဲ ပိုကောင်းလာဖို့ပိုအဆင်ပြေလာဖို့မရှိတဲ့ဘဝမှာငါဘာကိုမျှော်လင့်နေရမလဲ ဘာအတွက်အားတင်းရမလဲငါလည်းရှောင်ပြေးချင်တယ် ရင်မဆိုင်ချင်တော့ဘူး"

"တကယ်ပဲရှောင်ပြေးချင်နေတာလား သေချာစဉ်းစားပါဦး မသေချာပဲနဲ့မိုက်ရူးရဲတာတွေမစဉ်းစားစေချင်ဘူး ဘဝမှာနာကြည်းစရာတွေများနေလည်းအနည်းဆုံးပျော်ခဲ့ဖူးတဲ့အချိန်တွေအတွက်အားတင်းထားပါဟာ သေချာပြန်စဉ်းစားကြည့်ရင် နင့်ကိုလိုအပ်နေတဲ့တစ်ယောက်ယောက်တော့ရှိမှာပါ"

Something Only I Can SeeWhere stories live. Discover now