Part 14

497 52 6
                                    

လျှပ်စီးတွေက မှောင်မိုက်နေသောမိုးညကို တစ်ချက်တစ်ချက်လင်းသွားစေပါတယ် အနက်ရောင်ဂါဝန်နဲ့ကောင်မလေးတစ်ယောက်ကတော့ သွေးနဲ့မိုးစက်တွေရောနေတဲ့မြေပြင်ပေါ်မှာ အိပ်စက်နေလို့.........
အဲ့ဒီကောင်မလေးက ကျမကိုယ်တိုင်ပဲဖြစ်နေပါတယ်
ကျမ ကျမရဲ့သေဆုံးနေတဲ့အလောင်းကိုကြည့်ရင်းဝမ်းမနည်းမိဘူး ကျမစိတ်တွေပေါ့ပါးနေတယ် ဖြစ်ချင်တာတွေဖြစ်လာသလို
ကျမ ခန္ဓာကိုယ်က လွတ်လပ်ပေါ့ပါးနေတယ် မိုးစက်တွေ ကျမခန္ဓာကိုယ်ကိုဖောက်ထွက်နေတုန်း
ပြီးတော့ ကျမ ပတ်ဝန်းကျင်က မြင်ကွင်းအားလုံးဟာ ကြည်လင်ပြတ်သားနေတယ် ဘယ်လောက်ကောင်းလိုက်ပါသလဲ
ကျမဟာလွတ်လပ်သူဖြစ်သွားပြီ နာကျင်ခဲ့ရသမျှခံစားခဲ့ရသမျှဒဏ်ရာတွေနဲ့ကင်းလွတ်နေပြီ......... ဘယ်သွားရမလဲ .........ကျမဘယ်သွားရမလဲ .........changmin ဟုတ်တယ် သူ့ဆီကျမသွားရမယ် ကျမခြေလှမ်းတွေကို သူနဲ့ကျမနေခဲ့တဲ့တိုက်ခန်းဆီကို ပြေးသွားနေတယ် မိုးစက်မိုးပေါက်တွေက ကျမခြေထောက်ကိုထိခတ်နေတယ် လွတ်လပ်တယ် ကျမဟာ ဝါဂွမ်းစ တစ်စလိုပေါ့ပါးစွာ changmin ဆီပြေးသွားမိတယ်............
ကျမ သူရှိတဲ့အခန်းရှေ့တည့်တည့်အရောက်မှာ အခန်းတံခါးကို ကျမတွန်းဖွင့်လိုက်တယ် ......... အခန်းကအရမ်းကိုမှောင်နေတယ် အပြင်ဘက်က လျှပ်စီးရောင်ကြောင့် အခန်းက လင်းလာတဲ့အခါတိုင်းအခန်းထဲမှာ သူရှိမလားလို့ကျမရှာမိတယ်

"Changmin.........nn..."

ကျမအော်ခေါ်လိုက်တယ်
အရိပ်လေးတစ်ခု ကျမရှေ့ကိုရောက်လာတယ်

"Taeyeon......နင် ဘာတွေလုပ်လိုက်တာလဲ "

သူက ကျမကို ကြေကွဲနေတဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်ရင်း ကျမပါးပြင်းကို ပွတ်သပ်လိုက်တယ် ကျမ သူ့ကိုခံစားမိတယ် ခံစားမိပါတယ်
သူ့မျက်ဝန်းကမျက်ရည်တစ်စက်ကျလာတယ် သူဘာလို့ငိုနေတာလဲ

"ဘာလို့လဲ ဘာလို့ငိုနေတာလဲ......changmin "

"နင်ဘာတွေဖြစ်လာလဲ Taeyeon နင် အားတင်းပြီးရှေ့ဆက်မယ်လို့ ငါ့ကိုဂတိပေးထားတယ်လေ အခုဘာလို့ ဘာလို့......"

"ငါ့ရွေးချယ်မှုတစ်ခုပဲ Changmin ဒါငါ့ရွေးချယ်မှုပဲ ......တွယ်တာစရာမရှိတဲ့ လောကကြီးထက်စာရင် နင်တစ်ယောက်ရှိနေသေးတဲ့ဒီနေရာက ငါ့အတွက်ပိုနွေးထွေးပါတယ် "

Something Only I Can SeeWhere stories live. Discover now