Part1

1.9K 47 6
                                    

"မောင် ပြန်လာနေပြီလာနေပြီနော် မ ဘာမှာအုံးမလဲ''

"မမှာတော့ပါဘူး မောင်ရယ် မောင်သာအိမ်ကိုဘေးကင်းကင်းပြန်ရောက်ရင်ရပါပြီ''

"ဟုတ်ကဲ့ပါမရယ်''

"မောင်ကားမောင်းနေတယ်မလား ဖုန်းချလိုက်တော့ အန္တရာယ်များတယ်''

"ဟုတ်ပါပြီ''

တစ်ဖက်မှာဖုန်းချသွားသော် အခါမှာတော့ မြိုင် တစ်ယောက်ပြုံးမိပါသည် မောင် အင်းးထိုလူသားကြောင့်ပဲပေါ့

ကုတင်ဘေးမှ ဗီရိုပုလေးပေါ်တွင် တင်ထားသော သူနဲ့မောင့်ပုံလေးကို ကြည့်ရင်း

'မောင်ဟာ ကျမဘဝကိုစတင် ဝင်ရောက်လာကတည်းမှ ပျော်ရွှင်မှုတွေပဲ အမြဲသယ်ဆောင်ပေးခဲ့ပါသည်'

အတွေးများကိုခတ္တခန ရပ်တန့်လိုက်ရင်း မောင်ပြန်အလာ သပ်သပ်ရပ်ရပ်လေးဖြစ်နေဖို့ရာ ပြင်ဆင်ရပေအုန်းမည်မဟုတ်လား

တီ တီ

အိမ်ရှေ့မှကားဟွန်းသံလေးကိုအကြား ချက်ချင်းထိုင်နေသည့်နေရာမှ အပြေးလေးထကာ မောင့်ကို သွားကြိုမိလိုက်ပါသည်

"မောင်''

ကျမတစ်ယောက်ထဲသာ ပိုင်ဆိုင်ပါသော ထိုနာမ်စားလေးကိုရေရွတ်မိရင်း

"မ က မောင့်ကိုစောင့်နေတာလား''

မြတ်နိုးရပါသော ထိုသူ၏အမေး လေးကို ကျမမှင်သက်နေမိပါ၏

"ဟုတ်တာပေါ့ကွယ် မမှာမောင်ပဲရှိတာ အခြားဘယ်သူ့ကို
စောင့်ရအုန်းမှာတုန်း''

"မကစောင့်ချင်သေးလို့လားပြော''

"မဟုတ်ရပါဘူးရှင် မရဲ့အရစ်တုံးလေးရယ်''

မောင့်ရဲ့လက်မောင်းလေးကိုမှီတွဲရင်း ကလေးဆိုးကြီးကိုပြန်ချော့ရပြန်ပါသည်

'မောင်ဟာ စတွေ့ကတည်းကကိုပင် အရမ်းကလေးဆန်လွန်းလှသည် အထူးသဖြင့်ကျမအပေါ်မှာပေါ့'

'သို့သော်လည်း ထိုကဲ့သို့ကလေးဆန်သည့်မောင့်အမှုအရာများကိုပဲ ကျမနှစ်သက်ခဲ့သည်မဟုတ်ပါလား'

'ထို့ကြောင့်ပဲ လောကကြီးနှင့်ဆန့်ကျင်ပြီး မောင်နှင့်လက်ထက်ခဲ့ပါသည်'

မြတ်နိုး၍ချစ်ခဲ့ရပါသည် သို့သော်...Where stories live. Discover now