Part3

508 29 4
                                    

[Unicode]

သွန်းနိုးလာတော့ မောင်ကရုံးသွားဖို့တောင်အဆင်သင့် ဖြစ်နေလေပြီ

"မောင်ရုံးသွားတော့မလို့လား''

သွန်းရေချိုးခန်းထဲကထွက်တော့ မေးနေကြရိုးမသွားတဲ့မေးခွန်းလေးကိုမေးလိုက်ရင်း မရိုးသွားတဲ့ဖြေသံလေးကို စောင့်မျော်ရင်း

"ဟုတ်တယ် မရောဒီနေ့ဆိုင်သွားမှာလား''

"အွန်း မနေ့ကနားထားတော့ ဒီနေ့သွားရမှာပေါ့''

"တောင်းပန်ပါတယ် မနေ့ကအတူမရှိပေးဖြစ်လို့''

ငိုမဲ့မဲ့ရုပ်ကလေးနဲ့ တောင်းပန်ရှာနေတော့လည်း ဟောဒီကအဒေါ်ကြီးက ခွင့်လွှတ်ပေးရတော့မှာပေါ့

"ဟုတ်ပါပြီ ကိစ္စမရှိပါဘူး''

"မောင်မနက်စားစားသွားမယ်မလား''

"မစားတော့ဘူး နောက်ကျမှာဆိုးလို့ ဒီနေ့နည်း''အလုပ်ရှုပ်မယ် အိမ်လည်းနောက်ကျမှပြန်ရောက်မယ် ထင်တယ်''

"ဟုတ်ပါပြီဒါဆိုလဲ ညစာကရော''

"နောက်ကြမယ်ဆိုရင်တော့ ဝယ်ပဲစားလိုက်ပါတော့မယ် အဲ့တာကကိစ္စမရှိပါဘူး''

ခွပ်!!

"အ.မ ဘာလို့ခေါက်တာတုံး''

နာနေသောခေါင်းကို ရှုတ်မဲ့နေတဲ့ရုပ်ကလေးနဲ့ ပွတ်သတ်နေတဲ့ မောင်ကိုတွေ့ရပြန်တော့လည်း တကယ့်အူယားစရာ''

မောင်က မိန်းကလေးတစ်ယောက်ဖြစ်ပေမဲ့လည်း ယောက်ကျားလေးတွေထက် ပိုမိုကြည့်ကောင်းတဲ့ရုပ်ရည်ရှိတယ် မဖြူလွန်းမညိုလွန်းတဲ့အသားအရည်နဲ့ အခုခေတ်စကားအရတော့ အဆင်ပေါ့

ကျောင်းတုံးကဆိုလည်း ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးပေါ့ ကျမကိုမောင်စလိုက်တုံးကဆို ကောင်လေးလို့ပဲထင်ခဲ့တာ သူငယ်ချင်းပြောပြမှသာ Tom boyလေးမှန်းသိခဲ့ရတာ

မောင့်ကိုသူများတွေရဲ့အမြင်မှာ ဘယ်လောက်ချောချော ခန့်ခန့် ကျမအမြင်မှာတော့ အမြဲတမ်းဘိုကျတတ်တဲ့ ကလေးဆိုးကြီးလို့ပဲမြင်တယ်

အခုလဲကြည့် နူတ်ခမ်းကြီးကအရှေ့ကိုတတောင်လောက် ဆူထွက်နေတာရယ်

မြတ်နိုး၍ချစ်ခဲ့ရပါသည် သို့သော်...Where stories live. Discover now