Part-7

410 28 7
                                    

[Unicode ]

"တောင်းပန်ပါတယ်နော် မနည်းနည်းနောက်ကျသွားတယ်''

"ရပါတယ် ဒါနဲ့ဒီဟာကဘာဖြစ်တာလဲ''

ထိုက် မြိုင့်လက်ကပွန်းပဲ့ရာကို ရုတ်တရပ်တွေ့မြင်သွားသဖြင့်မေးလိုက်ခြင်းဖြစ်သည် ေလာလောလတ်လတ်မှ ဖြစ်ထားသည့်ပုံပင်

"ဟို....အဲ့တာကလေ..မချော်လဲလာတာ''

"ဟာ..ဘယ်လိုဖစ်ရတာလည်း လာ မောင်ဆေးထည့်ပေးမယ်''

"ရပါတယ် အဲ့လောက်ကြီးမဆိုးပါဘူး နောက်ကျနေတာမို့လို့ ပြေးလာရင်းဖစ်တာပါ အဆင်ပြေပါတယ်''

"မရယ်...''

သွေးစများအနည်းငယ် ဆို့နေပါသော တတောင်ဆစ်တနေရာအား ပါလာသောတစ်ရှူးဖြစ်သုတ်ပေးနေရင်း ထိုက် မအပေါ်အားနာနေမိသည်

"မောင် နေ့လယ်စားစားပြီးပြီလား ''

"မစားရသေးဘူးမ ဗိုက်လည်းမဆာတော့ရပါတယ်''

"ဘာကိုရရမှာလည်း မ ကိုယ်တိုင်မောင်စားဖို့ဟင်းချက်လာတယ် မောင်စားရမယ်''

"စားပါ့မယ်ဗျာ''

မည်သူတွေထင်မည်နည်း မာနခဲမသွန်းဆက်မြိုင် တလောကလုံးမှာရှိသမျှလူ ဘယ်သူ့ကိုမဆို ငြင်းခဲ့တဲ့သူက ရုတ်တရပ်ကြီးရည်းစား ရသွားလိမ့်မယ်လို့ မယုံတဲ့သူများကမယုံ မောင်နှတွေလို့ထင်သူကထင် မနာလိုတဲ့သူကမနာလိုနဲ့ မြိုင်တို့ထိုင်နေရာအား အကြည့်စူးစူးတို့ဖြင့် ကြည့်ကြည့်သွားကြသည်

ထိုလူတွေထဲတွင် ရှင်းလည်းပါတာပေါ့ ထိုက်တို့မမြင်နိုင်မဲ့ထောင့်တနေရာမှ ရှင်း..

လက်နှစ်တို့မှာလည်း တင်းကျပ်စွာ ဆုတ်ထားမိသောကြောင့် လက်သည်းအရှည်တို့က အသားများကိုထိုးဖောက်တော့မတက် နာကျည်နေသိကိုသိသောလည်းဂရုမစိုက်ပါ ရင်ထဲကနာကျင်နေတာလောက်မှမဆိုးပဲ...
====

"မောင်''

" ဗျာ''

"မကိုချစ်လားဟင်''

"ချစ်တာပေါ့မရဲ့''
ထိုက်ပါးစပ်ကထိုသို့ဖြေလိုက်ပေမဲ့ မြိုင့်ရဲ့မျက်လုံးတွေကို ထိုက်ကြည့်ပြီးမဖြေနိုင်ဘူး

မြတ်နိုး၍ချစ်ခဲ့ရပါသည် သို့သော်...Where stories live. Discover now