Part-6

395 20 1
                                    

[Unicode ]

ဘုတ်!

"အ!''

"ဟို...တောင်းပန်ပါတယ် ကျနော်မမြင်လိုက်လို့ပါ''

မင်းထိုက်ဝဿန် ဖုန်းအကြည့်လွန်၍ အရှေ့ကလူကိုမမြင်မိပဲ ဝင်တိုက်မိလိုက်သောကြောင့် ထိုတိုက်မိလိုက်သော သူအား တောင်းပန်လိုက်သည် သို့သော်လည်း သူ့စကားကိုမပြန်ပဲ စာအုပ်တွေကိုသာဂရုစိုက်နေလေသည်

မင်းထိုက်ဝဿန်လည်း ထွက်သွားရမလို စကားအပြန်ပဲစောင့်ရမလို ကြောင်တောင်''နှင့် စာအုပ်တွေကောက်နေသူကိုကြည့်နေမိသည်

မျက်နှာကိုမမြင်ရသေးပဲ မဲနက်နေသော ဆံနွယ်တို့ကိုသာ တွေ့နေရသည် ခေါင်းလျော်ထားတာသိပ်မကြာသေးပုံပင် ဆံနွယ်များကိုလည်း သွယ်လျသော ကျောပြင်တွင်ဖြန့်ကျက်ထားသည် ခေါင်းလျော်ရည်အနံ့သင်းသင်းလေးတောင်ရနေသေးသည်

"ကျနော်ကူပါရစေ''

မင်းထိုက်ဝဿန်လည်း ကြောင်ကြည့်နေရာမှ အားနာလာသဖြင့် စာအုပ်များကို ကူကောက်ပေးလိုက်တော့သည် စာအုပ်များအပြင် စာရွက်များလည်းပါသည်မို့ နေရာတွင်ပြန့်ကျဲနေသည်ကို တစ်ရွက်ချင်းလိုက်ကောက်ရတော့သည်

အကုန်လုံးကောက်ပြီးချိန်မှာတော့ မတ်တပ်ပြန်ရပ်လိုက်ပြီး စာရွက်များနှင့်စာအုပ်များကိုပြန် ရေတွက်နေသော ထိုမိန်းကလေးကိုကြည့်နေမိသည် အခုထိမျက်နှာသေချာမမြင်ရသေး

"ဒီမှာ စာရွက်တွေကျနော့်ဆီမှာ ကျန်သေးတယ်''

ထိုသို့ပြောလိုက်တော့မှ ထိုင်နေလျက် မင်းထိုက်ဝဿန်ကို မော့ကြည့်လာတော့သည် 'ဟင်!' မမမြိုင်? ထိုက်ဖုန်းထဲက သူကြည့်နေသော ပုံအားပြန်ကြည့်လိုက်သည် တကယ့်သွန်းဆက်မြိုင်ပဲဖုန်းထဲကထက် အပြင်ကပိုတောင်လှသေးတယ်

"ကျေးဇူး''

တစ်ဖက်မှပြောလာတဲ့ စကားကြားတော့မှ ထိုက်မင်သက်နေရာမှ အသိပြင်ဝင်လာတော့သည်

"တောင်းပန်ပါတယ်နော် ကျနော်သတိမထားမိလိုက်လို့''

"ဪ..ရပါတယ် ကိစ္စမရှိပါဘူး ''

မြတ်နိုး၍ချစ်ခဲ့ရပါသည် သို့သော်...Où les histoires vivent. Découvrez maintenant